Breaking

Thursday, October 10, 2019

Anniversary နေ့လေးမှာ Ro ဆန်ဆန်လေး Date ခဲ့ကြတဲ့ ဖြိုးလေးနဲ့ ဝါဆိုမိုးဦးတို့ ချစ်သူနှစ်ဦး

 တစ်ဦးနဲ့တစ်ဦး အရိပ်တကြည့်ကြည့်နဲ့ ချစ်တတ်လွန်းကြတဲ့ အဆိုတော် ဖြိုးလေးနဲ့ ဝါဆိုမိုးဦးတို့ ချစ်သူနှစ်ဦးကတော့ ပရိသတ်တွေအားကျချစ်ခင်ရတဲ့ အနုပညာရှင်စုံတွဲလေးဆိုလည်း မမှားပါဘူး။ ခရီးသွားရတာ ဝါသနာပါတဲ့ သူတို့ချစ်သူနှစ်ဦးကတော့ မကြာခဏဆိုသလို ချစ်ရသူတွေနဲ့ ခရီးအတူထွက်လေ့ရှိပြီး ခရီးသွားပုံရိပ်တွေကို လူမှုကွန်ယက်မှာ ဝေမျှပေးလေ့ရှိပါတယ်။ လတ်တလောမှာတော့ ဖြိုးလေးက Anniversary နေ့လေးမှာ ချစ်ရသူနဲ့အတူ Romantic ဆန်ဆန် ဖြတ်သန်းခဲ့တဲ့ ပုံရိပ်လေးတွေနဲ့အတူ ချစ်သူကောင်မလေးကို အရမ်းချစ်တဲ့အကြောင်း လူမှုကွန်ယက်မှာ ဝေမျှပေးထားတာ တွေ့ရပါတယ်။


 ဖြိုးလေးကတော့ "Happy Anniversary ငါ့သဲလေး ❤️ပျော်စရာ အပြည့်နဲ့ ကမ္ဘာကြီးကို အချစ်တွေနဲ့ ဖန်တီးကြမယ် 😘" ဆိုပြီး အထိမ်းအမှတ်နေ့လေးမှာ စင်္ကာပူမှာ လျှောက်လည်ရင်း Date ခဲ့ကြတဲ့ ကြည်နူးစရာပုံရိပ်လေးတွေကို လူမှုကွန်ယက်မှာ ဝေမျှပေးထားတာပဲ ဖြစ်ပါတယ်။နှစ်ယောက်လုံးကလည်း အနုပညာသမားတွေမို့ တစ်ယောက်နဲ့တစ်ယောက် ကူညီဖေးမရင်း နားလည်မှုအပြည့်နဲ့ ပျော်ရွှင်တဲ့အချစ်ရေးကို ပုံဖော်နေကြတာပဲ ဖြစ်ပါတယ်။


ပရိသတ်တွေ အရမ်းအားကျရတဲ့ ဝါဆိုမိုးဦးနဲ့ ဖြိုးလေးတို့ ချစ်သူနှစ်ဦးကတော့ အချစ်တွေအပြည့်နဲ့ ရှေ့ဆက်နေကြတာ အခုဆိုရင် ချစ်သူသက်တမ်း (၃)နှစ်ကျော်သွားပြီပဲဖြစ်ပါတယ်။ မိုမိုလေးချစ်ပရိသတ်တွေလည်း ဖြိုးလေးတို့ချစ်သူနှစ်ဦး ဒီနေ့လေးမှစပြီး နောက်ထပ် နှစ်ပေါင်းများစွာအထိ သာယာပျော်ရွှင်တဲ့ အချစ်ရေးကို ပုံဖော်နိုင်ကြပါစေလို့ ဆုတောင်းပေးခဲ့ကြပါဦးနော်။

Myint Myat
Source;Phyo Lay's Facebook

POPULAR POSTS

ads