Breaking

Monday, October 28, 2019

(၃) နှစ်ပြည့် Anniversary နေ့လေးကို Romantic ဆန်ဆန်ဖြတ်သန်းခဲ့တဲ့ မင်းဉီးတို့ဇနီးမောင်နှံ

 လွန်ခဲ့တဲ့ နှစ်တွေကတည်းက အခုအချိန်အထိ အောင်မြင်မှုတွေ ရရှိနေဆဲဖြစ်တဲ့ မင်းသားကြီး မင်းဉီးကတော့ လက်ရှိမှာ ချစ်ရတဲ့ ဇနီးချောလေးနဲ့ သာယာတဲ့ မိသားစုဘဝကို ဖန်တီးတည်ဆောက်ထားတာပါ။ လတ်တလောမှာတော့ မင်းဉီးက သူတို့ဇနီးမောင်နှံရဲ့ (၃) နှစ်မြောက် Anniversary နေ့လေးကို Romantic ဆန်တဲ့ နေရာလေးမှာ ဖြတ်သန်းခဲ့တဲ့ ကြည်နူးစရာပုံတွေကို လူမှုကွန်ယက်မှာ ဝေမျှပေးထားတာ တွေ့ရပါတယ်။ ချစ်ဇနီးကို ပျော်စေချင်လို့ Ro ပြလိုက်တဲ့ မင်းဉီးကတော့ အရမ်းကို ချစ်တတ်လွန်းသူကြီးပါပဲနော်။

 မင်းဉီးကတော့ "မထင်မှတ်ဘဲ ၃နှစ်မြောက် anniversary ကိုပျော်ခဲ့ရလို့ သူငယ်ချင်းများ ကျေးဇူးပါဗျာ❤️❤️❤️(ရုပ်ရှင်အတွက် location ကြည့်ရင်းရောချပေါ့😍😍😍)" ဆိုပြီး ချစ်ဇနီးလေးနဲ့ Romantic ဆန်ဆန် Anniversary Date လေး ပြုလုပ်ခဲ့တဲ့ ကြည်နူးစရာပုံရိပ်တွေကို လူမှုကွန်ယက်မှာ ဝေမျှပေးထားတာပါ။



သရုပ်ဆောင်တစ်ဉီးအနေနဲ့ အောင်မြင်မှုတွေများစွာ ရရှိထားတဲ့ မင်းသားကြီး မင်းဉီးကတော့ လက်ရှိမှာ ဒါရိုက်တာတစ်ဉီးအနေနဲ့ ပရိသတ်တွေကို အကောင်းဆုံးသော ရုပ်ရှင်တွေ ချပြဖို့ ကြိုးစားနေတာပဲ ဖြစ်ပါတယ်။ မိုမိုလေးချစ်ပရိသတ်တွေလည်း အရမ်းကို လိုက်ဖက်ညီလွန်းတဲ့ မင်းဉီးတို့ဇနီးမောင်နှံလေး ၃နှစ်ပြည့် Anniversary နေ့လေးမှစပြီး နောင်လာမယ့် ရတုအဆက်ဆက်မှာလည်း ပျော်ရွှင်စွာ ဖြတ်သန်းနိုင်ပါစေလို့ ဆုတောင်းပေးခဲ့ကြပါဉီးနော်။

Myint Myat
Source:Min Oo's Facebook

POPULAR POSTS

ads