Breaking

Saturday, October 26, 2019

Aqua Man ရုပ်ရှင်ထဲက Mera မင်းသမီးလို ပြင်ဆင်ပြီး Halloween Party တက်ခဲ့တဲ့ ဝါဆိုမိုးဦး

 အဆိုပိုင်းမှာရော သရုပ်ဆောင်ပိုင်းမှာပါ ထူးချွန်တဲ့ ချစ်​စရာမင်းသမီး​လေး ဝါဆိုမိုးဦးက​တော့ ဘိုဆန်​ဆန်​မျက်နှာကျလေးနဲ့ စွဲမက်ဖွယ်ကောင်းလှတဲ့ ခန္ဓာကိုယ်အချိုးအစားကို ပိုင်ဆိုင်ထားသူတစ်​ဦးပါ။ လတ်​တ​လောမှာ​တော့ ဝါဆိုမိုးဦးက​ Aqua Man ရုပ်ရှင်ထဲက Mera မင်းသမီးလို ပြင်ဆင်ပြီး Halloween Party တက်ခဲ့တဲ့ သူမရဲ့ ပုံရိပ်တွေကို လူမှုကွန်​ယက်​မှာ​ဝေမျှ​ပေးထားတာ​တွေ့ရပါတယ်​။ ဘယ်လိုဖက်ရှင်နဲ့မဆို လိုက်ဖက်ညီတဲ့ ဝါဆိုမိုးဉီးကတော့ Mera မင်းသမီးလို ဝတ်စားထားလည်း အရမ်းကို ကြည့်ကောင်းနေတာပါနော်။


 မိုမို​လေးချစ်​ပရိသတ်​တွေအတွက်​အရမ်းကို ညှို့အားပြင်းတဲ့  ဝါဆိုမိုးဦးရဲ့ အလှပုံရိပ်​လေး​တွေကို​ဖော်​ပြေ​ပေးလိုက်​ပါတယ်​နော်​။ဝါဆိုမိုးဦးက​တော့ "Safe house Halloween party I’m princess Mera ♥️♥️♥️ " ဆိုပြီး Aqua Man ရုပ်ရှင်ထဲက မင်းသမီး Mera ရဲ့ပုံစံအတိုင်း ပြင်ဆင်ပြီး Party တက်ခဲ့တဲ့ သူမရဲ့ပုံ​လေး​တွေကို လူမှုကွန်​ယက်​မှာ တင်​ထားခဲ့တာပါ။Wow! ဝါဆိုကတော့ တကယ့်ကို လှပလွန်းတဲ့ ခန္ဓာကိုယ်အချိုးအစားကို ပိုင်ဆိုင်ထားတာပါနော်။

အဆိုပိုင်းမှာလည်း ထူးချွန်​တဲ့ ဝါဆိုမိုးဦးကတော့ အဆိုပိုင်း၊ သရုပ်ဆောင်ပိုင်းမှာသာမကပဲ ရုပ်ရှင်ထုတ်လုပ်သူတစ်ဦးအနေနဲ့လည်း ဇာတ်ကားတွေရိုက်ကူးသွားဖို့ ရှိတယ်လို့ သိရပါတယ်။ လက်​ရှိမှာ​တော့ ဝါဆိုမိုးဦးကတော့ သူမကိုအရမ်းချစ်​တဲ့ ချစ်သူဖြိုးလေးနဲ့အတူ  ပျော်ရွှင်စရာအချစ်ခရီးလမ်းကို အတူဖြတ်သန်းနေတာပါ။ မိုမိုလေးချစ်ပရိသတ်တွေလည်း ဝါဆိုမိုးဦးရဲ့ ချစ်​စရာပုံရိပ်​လေး​တွေကိုသဘောကျရင် Share သွားကြဖို့ မမေ့ပါနဲ့နော်။

Myint Myat
Source;Warso Moe Oo's Facebook
credit-momolay.com

POPULAR POSTS

ads