
ရုံတင်ပြသခဲ့တဲ့အချိန်ကစပြီး ပြည်တွင်းမှာ အခုထိ ရုံတင်ပြသနေရတဲ့ ဇာတ်ကားတစ်ကားပါ။ Brave Empire Entertainment ရဲ့ ပွဲဦးထွက်ကားတစ်ကား ဖြစ်ပြီ ပြည်ပနိုင်ငံတွေမှာ ပြသခဲ့ပြီးနောက် ဝမ်းသာစရာသတင်းတစ်ခု ထွက်ပေါ်လာတာလို့ပြောရမှာပါ။ လိပ်ပြာစံအိမ် ရုပ်ရှင်ဇာတ်ကားကြီးဟာဆိုရင် (၂၀၁၉ )ခုနှစ် Asian Academy Creative Awards မှာ Regional ဆုပေါင်း (၆) ဆုရှိပိုင်ဆိုင်ခဲ့တာကြောင့်ပါ။
ရရှိခဲ့တဲ့ဆုတွေကတော့ အကောင်းဆုံးဒါရိုက်တာဆု ၊ အကောင်းဆုံးအမျိုးသမီးဇာတ်ဆောင်ဆု၊ အကောင်းဆုံးအမျိုးသမီးဇာတ်ပို့ဆု၊ အကောင်းဆုံးဇာတ်ကားဆု၊ အကောင်းဆုံးဓာတ်ပုံဆုနဲ့ အကောင်းဆုံးဇာတ်ဝင်တေးဆုတွေဖြစ်ပြီး နှစ်စဉ် အာရှ-ပစိဖိတ်ဒေသမှ တစ်နှစ်တာအတွင်း ထုတ်လုပ်ခဲ့တဲ့ ရုပ်ရှင်ဇာတ်ကားကောင်းများကို ရွေးချယ်ပြီး အကောင်းဆုံး အနုပညာဆောင်ရွက်ချက်များအတွက် ဆုရွေးချယ်ချီးမြှင့်လျက်ရှိတဲ့ Asian Academy Creative Awards မှာ အခုလို ဆုတွေ ထိုက်ထိုက်တန်တန်ရရှိပိုင်ဆိုင်နိုင်တာ ပရိသတ်တွေရဲ့အားပေးမ့အပြင် အဖွဲ့သားတွေရဲ့ ကြိုးစားမှုရလဒ် တစ်ခုကြောင့်လို့ဆိုရမှာပါ။CeleGabar ပရိသတ်ကြီးလည်း လိပ်ပြာစံအိမ်အဖွဲ့သားတွေအတွက် ဂုဏ်ပြုစကားလေးပြောခဲ့ပါဦးနော်။credit-celegabar.com