စွဲဆောင်မှုရှိပြီး ညှို့အားပြင်းတဲ့ မင်းသားချော ပိုင်တံခွန်က လတ်တလောမှာတော့ ပရိသတ်တွေရဲ့ အားပေးမှုကို တစ်ခဲနက် ခံနေရတာ ဖြစ်ပါတယ်။ ပိုင်တံခွန်က ထိုင်းနိုင်ငံမှာလည်း အောင်မြင်နေတာမို့ ထိုင်းနိုင်ငံနဲ့ ပူးပေါင်းပြီး အနုပညာလုပ်ငန်းတွေ လုပ်ဆောင်နေလျက် ရှိပါတာကို တွေ့ရပါတယ်။ ဒီနေ့မှာတော့ ပိုင်တံခွန်တစ်ယောက် ထိုင်းနိုင်ငံမှာ ရိုက်ကူးထားတဲ့ ကြော်ငြာလေးတစ်ခု ထွက်ရှိလို့လာပါပြီ။လွန်ခဲ့တဲ့ မိနစ်ပိုင်းကမှ ထွက်ရှိခဲ့တဲ့ ပိုင်တံခွန်နဲ့ Baifern တို့ရဲ့ ကြော်ငြာအသစ်စက်စက်လေး
ထိုကြော်ငြာလေးမှာ ပိုင်တံခွန်က သူအရမ်းကြိုက်ရတဲ့ ထိုင်းမင်းသမီးလေး Baifern Pimchanok နဲ့အတူတူ ရိုက်ကူးခဲ့တာကို တွေ့ရပါတယ်။ မိုမိုလေးပရိသတ်တွေအတွက် ပိုင်တံခွန်နဲ့ Baifern ရဲ့ ကြော်ငြာဗီဒီယိုလေးကို မျှဝေပေးလိုက်ပါတယ်နော်။
ပိုင်တံခွန်က ထိုင်းမင်းသမီးလေး Baifern ကို တော်တော်လေး အရူးအမူး ကြိုက်သူဖြစ်ပြီး Baifern ဟာ သူ့ရဲ့ Crush တစ်ယောက်ပါပဲလို့ ဖွင့်ဟဝန်ခံထားတာ ဖြစ်ပါတယ်။
ပိုင်တံခွန်ကတော့ သူ Crush ရတဲ့ မင်းသမီးလေး Baifern နဲ့ ကြော်ငြာရိုက်ကူးခဲ့ရတာ တော်တော်လေး ဝမ်းသာပျော်ရွှင်နေမှာပဲနော်။ ပရိသတ်ကြီးလည်း ပိုင်တံခွန်နဲ့ Baifern တို့ရဲ့ နောက်ထက် အနုပညာလုပ်ငန်းတွေကို ဆက်လက်အားပေးကြပါဦးနော်။
Rowena
Source: 7-Eleven Thailand
Wednesday, October 16, 2019
Home
/
Celebrity
/
ထိုင်းနိုင်ငံရဲ့ နာမည်ကြီးမင်းသမီး Baifern နဲ့အတူတူ ရိုက်ကူးခဲ့တဲ့ ပိုင်တံခွန်ရဲ့ ကြော်ငြာအသစ်
ထိုင်းနိုင်ငံရဲ့ နာမည်ကြီးမင်းသမီး Baifern နဲ့အတူတူ ရိုက်ကူးခဲ့တဲ့ ပိုင်တံခွန်ရဲ့ ကြော်ငြာအသစ်
Tags
# Celebrity
About Admins
Sora Blogging Tips is a blogger resources site is a provider of high quality blogger template with premium looking layout and robust design. The main mission of sora blogging tips is to provide the best quality blogger templates.
Celebrity
Tags
Celebrity