Breaking

Thursday, October 17, 2019

ထိုင်းနိုင်ငံက စတိုးဆိုင်တွေမှာ တွေ့မြင်ရတဲ့ ပိုင်တံခွန်နဲ့ Baifern တို့ရဲ့ ကြော်ငြာပိုစတာ

 နိုင်ငံကျော် မင်းသားတစ်ဦးဖြစ်တဲ့ ပိုင်တံခွန်က လက်ရှိမှာတော့ အာရှနိုင်ငံထိပါ အောင်မြင်နေပြီး လျှမ်းလျှမ်းတောက် နာမည်ကြီးနေတာပဲ ဖြစ်ပါတယ်။ ပိုင်တံခွန်က ထိုင်းနိုင်ငံက အနုပညာရှင်၊ အတတ်ပညာရှင်တွေနဲ့ ပူးပေါင်းပြီးတော့လည်း အနုပညာလုပ်ငန်းတွေကို လုပ်ကိုင်နေရတာ ဖြစ်ပါတယ်။ ပိုင်တံခွန်က အားပေးသူပရိသတ် အခိုင်အမာရရှိထားပြီး လူအများရဲ့ အာရုံစိုက်ခြင်းခံနေရတာ ဖြစ်ပါတယ်။

 ဒီနေ့မှာလည်း ပိုင်တံခွန်နဲ့ ထိုင်းနိုင်ငံက နာမည်ကြီး ထိပ်တန်းမင်းသမီးလေးတစ်ယောက်ဖြစ်တဲ့ Baifern Pimchanok တို့အတူတူ ရိုက်ကူးထားတဲ့ ကြော်ငြာလေးတစ်ခုက ထွက်ရှိလို့ လာခဲ့တာကို တွေ့ရပါတယ်။ပိုင်တံခန်နဲ့ Baifern Pimchanok တို့က ထိုင်းနိုင်ငံက စားသောက်ကုန်တစ်ခုအတွက် ကြော်ငြာရိုက်ကူးပေးခဲ့တာ ဖြစ်ပြီး ထိုကြော်ငြာလေးက စတင်ထွက်ထွက်ခြင်းမှာပဲ ပရိသတ်တွေရဲ့ အားပေးမှုကို အများအပြား ရရှိခဲ့တာ ဖြစ်ပါတယ်။

ထိုင်းနိုင်ငံက 7-11 Seven Eleven လို စတိုးဆိုင်တွေမှာလည်း ပိုင်တံခွန်နဲ့ Baifern တို့ ရုပ်ပုံတွေပါတဲ့ ပိုစတာတွေနဲ့ ထိုစားသောက်ကုန်ကို ကြော်ငြာနေတာကိုလည်း တွေ့ရပါတယ်။ပရိသတ်တွေကတော့ ပိုင်တံခွန်ကို ထိုင်းနိုင်ငံက ထိပ်တန်းမင်းသမီးချော Baifern နဲ့ သရုပ်ဆောင်တာ တွေ့ရလို့ တော်တော်လေး သဘောကျနေကြတာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း ပိုင်တံခွန်နဲ့  Baifern တို့ရဲ့ ပုံရိပ်လေးတွေကို သဘောကျရင် Like  & Share လုပ်ဖို့ မမေ့ပါနဲ့နော်။

Rowena
Source: Paing Takhon FC Thailand

POPULAR POSTS

ads