ခုနောက်ပိုင်းမှာ မော်ဒယ် ပိုင်တံခွန် ဟာဆိုရင် ပိုအောင်မြင်လာပြီး မြန်မာနိုင်ငံမှာသာမက ထိုင်နိုင်ငံမှာပါ ကြော်ငြာများ လက်ခံရိုက်ကူးနေပြီပဲ ဖြစ်ပါတယ်။ သရုပ်ဆောင်အနေနဲ့လည်း ဇာတ်လမ်းတွဲများနဲ့ ရုပ်ရှင်ဇာတ်ကားများစွာလည်း ရိုက်ဖို့ရှိတယ်လို့ သိရပါတယ်။ဒီတစ်ခါမှာတော့ မိုမိုလေး ရဲ့ ချစ်ပရိသတ်တွေအတွက် ပိုင်တံခွန် က သူအရမ်းကြိုက်ရတဲ့ ထိုင်းက နာမည်ကြီး မင်းသမီးလေး Baifern နဲ့ ကြော်ငြာအတူရိုက်ခဲ့ရတဲ့ ခံစားချက်တွေပြောပြထားတဲ့ အကြောင်းကို ဖော်ပြပေးလိုက်ပါတယ်နော်။
မော်ဒယ်လ် ပိုင်တံခွန်က သူ့ရဲ့ ပရိသတ်တွေ ရဲ့ သဲသဲလှုပ်အားပေးခြင်းခံထားရသူပါ။ လက်ရှိမှာ ပိုင်တံခွန်က မြန်မာနိုင်ငံမှာ သာမက ထိုင်းနိုင်ငံမှ မိန်းကလေးပရိသတ်တွေရဲ့ တစ်ခဲနက်အားပေးခြင်းကို ခံထားရတယ်လို့သိရပါတယ်။
ပိုင်တံခွန်က ထိုင်းနိုင်ငံက နာမည်ကြီး မင်းသမီးလေး Baifern ကိုသဘောကျကြောင်း သူအရမ်းကြိုက်ရတဲ့ မင်းသမီးလေးဖြစ်ကြောင်း ပြောပြီး နောက်ပိုင်း နဲ့ ကြော်ငြာ တစ်ခုကို အတူရိုက်ကူးခဲ့ရပါတယ်။ပိုင်တံခွန်က Baifern နဲ့ ကြော်ငြာအတူရိုက်ခဲ့တုန်းက ခံစားချက်ကို MC မီဒီယာပေါ်မှာ ခုလိုဖြေကြားခဲ့ပါတယ်။ " Baifern ကိုချစ်တယ်၊ ရိုက်နေတဲ့ တစ်ချိန်လုံး ရင်တွေခုန်နေတာ သူက ကျွန်တော်ကြိုက်ရတဲ့ မင်းသမီးလေး ဖြစ်တာကြောင့် သူနဲ့ နောက်ထပ်ဆုံချင်သေးတယ်။ သူနဲ့တွေ့တော့ စကားအများကြီးမပြောဖြစ်ဘူး " ဆိုပြီး ပြောသွားပါတယ်။
ပိုင်တံခွန် က ကြောငြာရိုက်ကူးနေတုန်းလည်း သူသဘောကျရတဲ့ မင်းသမီးနဲ့ရိုက်ရတော့ ရှက်နေခဲ့တာတဲ့ ပရိသတ်ကြီးရေ။ပိုင်တံခွန် က Baifern နဲ့ ပတ်သက်ပြီးပြောထားတဲ့ အကြောင်းကို ပရိသတ်တွေသဘောကျလိမ့်မယ်ထင်ပါတယ်။ ကြည့်ရူပေးကြတဲ့ မိုမိုလေး ပရိသတ်ကြီးကို ကျေးဇူးအထူးတင်ရှိပါတယ်နော်။
Moekalay
Source;paing takhon
Photo;myanmar celebrity
Saturday, October 19, 2019
Baifern ကိုချစ်တယ်၊ ရိုက်နေတဲ့ တစ်ချိန်လုံး ရင်တွေခုန်နေတာ ဆိုတဲ့ ပိုင်တံခွန်
Tags
# Celebrity
About Admins
Sora Blogging Tips is a blogger resources site is a provider of high quality blogger template with premium looking layout and robust design. The main mission of sora blogging tips is to provide the best quality blogger templates.
Celebrity
Tags
Celebrity