ပရိသတ်တွေချစ်ကြတဲ့ စမိုင်းလ်ဟာ မော်ဒယ်ဘဝကနေစပြီး လူသိများလာခဲ့ရက အခုဆို ပရိသတ်တွေ အခိုင်အမာရှိတဲ့ မင်းသမီးတစ်လက် ဖြစ်လို့နေပါပြီ။ စမိုင်းလ်က အခုဆိုရင် သရုပ်ဆောင်အလုပ်ကို မလုပ်ကိုင်တော့ပဲ ခင်ပွန်းဖြစ်သူနဲ့အတူတူ စီးပွားရေးလုပ်ငန်းတွေကို လုပ်ကိုင်ရင်း ပျော်ရွှင်သာယာတဲ့ မိသားစုဘဝလေးကို တည်ဆောက်ထားတာဖြစ်ပါတယ်။
ဒီနေ့မှာတော့ စမိုင်းလ်က ခင်ပွန်းဖြစ်သူ ကိုပြည့်မောင်ရဲ့ မွေးနေ့ကုသိုလ်အဖြစ် ရွှေတိဂုံဘုရားအရှေ့ဘက်မုခ်မှာ ဘုရားဖူးပြည်သူတွေကို ထမင်းနဲ့ဟင်းတွေ စတုဒိသာကျွေးရင်း ကုသိုလ်ယူခဲ့တာကို တွေ့ရပါတယ်။
မိုမိုလေး ပရိသတ်တွေအတွက် စမိုင်းလ်တို့ ဇနီးမောင်နှံရဲ့ ကုသိုလ်လေးကို ပီတဖြစ်သာဓုခေါ်နိုင်အောင် မျှဝေပေးလိုက်ပါတယ်နော်။
Rowena credit-momolay.com
Source: Smile's fb