Breaking

Sunday, October 6, 2019

မြန်မာထိုင်းနှစ်နိုင်ငံပူးပေါင်းပြီး သံဃာအပေါင်း ၃၀၀၀၀ ဆွမ်းဆန်စိမ်လောင်းလှူပွဲ ကျင်းပသွားမည်ဖြစ်ကြောင်းသိရ

 မြန်မာနိုင်ငံနဲ့ ထိုင်းနိုင်ငံ နှစ်နိုင်ငံပူးပေါင်းပြီး ပထမအကြိမ် သံဃာ အပါး တစ်သောင်းကို ၂၀၁၅ ခုနှစ်မှာ ကျင်းပခဲ့ပါတယ်။ ဒုတိယအကြိမ်ကိုတော့ ၂၀၁၈ ခုနှစ်မှာ သံဃာ အပါး နှစ်သောင်းကို လှူဒါန်းပွဲ ကျင်းပခဲ့ပြီဖြစ်ပါတယ်။ လာမယ့် ဒီဇင်ဘာမှာတော့ သံဃာ အပါး သုံးသောင်းကျော်ကို ဆွမ်းဆန်စိမ်းလောင်းလှူပွဲရှိတယ်လို့ သတင်းရရှိခဲ့ပါတယ်။ ယခုလို နှစ်နိုင်ပူးပေါင်းပြီး ဆွမ်းဆန်စိမ်းလောင်းလှူပွဲတွေ ကျင်းပတာဟာ နှစ်နိုင်ငံ ချစ်ကြည်ရေးကို ပိုမို ခိုင်မြဲစေမှာဖြစ်ပါတယ်။ ဆွမ်းဆန်စိမ်းလောင်းလှူပွဲတွေမှာ စေတနာဝန်ထမ်းတွေသာ အသုံးပြုထားတော့ ပိုလို့တောင် မွန်မြတ်တယ်လို့ ဆိုရမှာပါပဲ။ အဆိုပါ လောင်းလှူပွဲကို ဒီဇင်ဘာ ၈ ရက်နေ့မှာ ပြုလုပ်ဖို့ ရာထားတယ်လို့ ဖြစ်မြောက်ရေးကော်မတီမှ ဦးစိုးလင်းက ဆိုပါတယ်။
 ယင်းအပြင် မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင် ကလည်း ဖြစ်မြောက်ရေးကော်မတီမှ တင်ပြထားကြောင်း၊ အစည်းအဝေးအနေဖြင့် မပြုလုပ်ရသေးကြောင်း၊ ရန်ပုံငွေလက်ကျန်များလည်း ရှိသေးကြောင်း၊ သာသနာရေးဝန်ကြီးဌာကိုလည်း ဆက်လက်တင်ပြရဦးမည်ဖြစ်ကြောင်း၊ ယင်းလောင်းလှူပွဲကို အဖွဲ့အစည်းအားလုံးက ဝိုင်းဝန်းကူညီမှ ရမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။ အဆိုပါ လောင်းလှူပွဲအား ဒုတိယအကြိမ်က ကျင်းပခဲ့သည့် မန္တလေးမြို့ ချမ်းမြေ့သာစည် လေယာဉ်ကွင်းတွင် ဆက်လက်ကျင်းပမယ်လို့ သိရပါတယ်။
သံဃာ အပါး သုံးသောင်းအား တစ်ပါးလျှင် ကျပ်ငွေ သုံးသောင်း နဝကမ္မလှူဒါန်းမှာ ဖြစ်ပါတယ်။ ဒ့ါအပြင် စေတနာ သဒ္ဒါရှင်များမှလည်း ပါဝင် လှူဒါန်းနိုင်ကြောင်း သိရပါတယ်။ ယခုကဲ့သို့ နှစ်နိုင်ငံ ချစ်ကြည်ရေးခိုင်မြဲစေသည့် အလှူအတန်းများ ပြုလုပ်ကျင်းပနိုင်တဲ့အတွက် ကောင်းမွန်တဲ့ အလားအလာ တစ်ခုဖြစ်ပါတယ်။ ဗုဒ္ဓဘာသာ ဓလေ့ထုံးတမ်းအစဉ်အလာဖြစ်တဲ့ သံဃာတော်တွေကို လောင်းလှူခြင်းဟာလည်း သာသနာတည့်တံခိုင်မြဲအောင် ဆောင်ရွက်တာဖြစ်လို့ ကုသိုလ်ရရှိတဲ့ အလှူအတန်းလေးပါပဲ။ ပရိတ်သတ်ကြီးရေ ဒီပွဲလေးဖြစ်မြောက်ရေးအတွက် ပါဝင်လှူဒါန်းကြပါဦးနော်။

POPULAR POSTS

ads