Breaking

Thursday, October 17, 2019

စပွန်ဆာကဝယ်ပေးတဲ့အိမ်လို့ ဝေဖန်တဲ့အပေါ် ပေါက်ကွဲလိုက်တဲ့ ချမ်းချမ်း

 နိုင်ငံကျော်အဆိုတော်တစ်ယောက်ဖြစ်တဲ့ ချမ်းချမ်းကတော့ မကြာသေးမီက ပြန်လည်ပြင်ဆင်ဆောက်ထားတဲ့ သန်လျင်ကအိမ်လေးကို “သန်လျင်ကအိမ်လေးအခုမှပြင်လို့ပြီးတယ်..အိမ်ကိုသန့်ရှင်းရေးမလုပ်နိုင်သေးဘူး..ဒါပေမဲ့ပျော်တယ်.အပင်ပန်းခံပြီး..ဆောက်ထားတဲ့အိမ်လေးပြီးသွားလို့ပျော်တယ်သမီးလေးအတွက်ရေကူးကန်လေးလဲပီးသွားလို့ပိုပျော်တယ်…အိမ်ပတ်ပတ်လည် ဝရံတာလေးတေထည့်ထားတော့စိတ်ချမ်းသာတယ်” လို့ သူရဲ့ လူမှုကွန်ရက်စာမျက်နာမှ အိမ်လေးကိုပြင်ဆင်ထားပုံလေးတွေမျှဝေခဲ့ပါတယ်။


 ချမ်းချမ်းကတော့ ချစ်တဲ့ပရိသတ်တွေရဲ့ အားကျ၊ချီးကျူး၊ဂုဏ်ပြုခြင်းခံရသလို့ မနာလိုမုန်းတီသူတွေကတော့ စပွန်ဆာဝယ်ပေးတာဆိုတဲ့ ဝေဖန်မှုတွေခံနေရပါတယ်။ဒီလိုဝေဖန်မှုတွေကိုတော့ ချမ်းချမ်းတစ်ယောက်ပေါက်ကွဲနေပြီး စိတ်ပူတဲ့သူတွေကလည်း သတင်းမေးတဲ့အကြောင်းကို “ဂုဏ်ယူစွာဖြင့် အတင်း ပြောတာခံလိုက်ပါသည်။

ကျမအိမ်လေးအတွက်စိတ်ပူပြီးစာတွေလှမ်းပို့ပေးကြ..messenger ကနေလှမ်း စိတ်မကောင်းဖြစ်ပေးတဲ့ ပရိတ်သတ်..မိတ်ဆွေတွေကိုကျေးဇူးတင်ပါတယ်…ကျွန်မ ဘယ် comments မှမဖတ်ရသေးပါဘူး…ဒီအိမ်လေးက လွန်ခဲ့တဲ့ ၇နှစ်ကျော် ကဝယ်ခဲ့တဲ့အိမ်လေးပါ..ကျွန်မအဖေနဲ့ အမေ အရင် တုန်းကနေခဲ့ဖူးပါတယ် ” လို့ အိမ်အသစ်ဝယ်တာမဟုတ်ဘဲ အရင်အိမ်လေးကို ပြန်ပြင်ဆောက်နေတာဖြစ်ပြီး
“.မိန်းမတယောက် ၁၂နှစ်လောက်ကြိုးစားစုဆောင်းပြီးသန်လျင်မှာအိမ်လေးတလုးံဝယ်ထားတာကိုတောင်ဒီလောက်မနာလိုကဲ့ရဲ့နေကြရင် ကျမသာ အင်းယားလမ်းတို့..ရွှေတောင်ကြားလမ်းတို့မှာဝယ်ထားရင် ဘယ်လိုများပြောကြမလဲနော်အားရဝမ်းသာနဲ့ ကိုယ်ကြိုးစားပြီးပြန်ပြင်ထားတဲ့လက်ရာလေးကိုပိုစ့်တင်မိတာ…အပြောခံ ရတာမတန်လိုက်တာစိတ်မကောင်းဘူး…သမီးရေ..အဲ့လိုလူတွေနေတဲ့နိုင်ငိငံမှာ အမေတို့နေနေကြရတယ်” လို့ဝေဖန်နေတဲ့သူတွေကို ပေါက်ကွဲနေပါတယ်။ ပရိသတ်ကြီးရေ ချမ်းချမ်းကိုချစ်ရင် အားပေးစကားပြောခဲ့ဦးနော်။

Source: Chan Nyein
credit-burmese.asia

POPULAR POSTS

ads