Melody World သီချင်းဆို ပြိုင်ပွဲမှတဆင့် နာမည်ကြီးလာခဲ့တဲ့ အဆိုတော် ဖြိုးပြည့်စုံဟာ တေးသီချင်းကောင်းလေးတွေကို သီဆိုသူတစ်ယောက်ပါပဲ။ ဖြိုးပြည့်စုံရဧ့ ကြည်လင်ပြတ်သားပြီး စွဲဆောင်မှုရှိတဲ့ အသံကို လူကြီး၊ လူငယ် ပရိသတ်မရွေး ကြိုက်နှစ်သက် အားပေးကြတာပဲ ဖြစ်ပါတယ်။အဲ့ဒါကြောင့်လည်း အဆိုတော် ဖြိုးပြည့်စုံရယ်လို့ နာမည်တစ်လုံးနဲ့ ရပ်တည်နေတာပဲဖြစ်ပါတယ်။
ဖြိုးပြည့်စုံက လက်ရှိမှာတော့ လေပြွန်ရောင်ခြင်း ဝေဒနာကို ခံစားနေရတာ ဖြစ်ပြီး သီချင်းဆိုဖို့ အနည်းငယ် ခက်ခဲနေရှာတာပဲ ဖြစ်ပါတယ်။ဒါပေမယ့်လည်း ဖြိုးပြည့်စုံက "လေပြွန်ရောင်တာ မသက်သာသေးပေမဲ့ အင်းလေးရေပေါ် သီတင်းကျွတ်ပွဲတော် အတွက် ဒီည ဖြေဖျော်မှာပါ။ (အသံ တစုံတရာ စိတ်တိုင်းမကျ ခဲ့ရင် ကျနော့် အားနည်းချက်မို့ ခွင့်လွှတ်ပေးပါ) အစစရာရာ ပံ့ပို့ပေးကြတဲ့ သူများ အားလုံးကိုလည်း ကျေးဇူးတင်ပါတယ်။ ပျော်စရာ သီတင်းကျွတ်ဖြစ်ပါစေ။" ဆိုပြီး ပရိသတ်တွေကို လေးလေးစားစား အသိပေးထားပါတယ်။
ဖြိုးပြည့်စုံကတော့ ဂီတလောကရဲ့ မျိုးဆက်သစ်ကြယ်ပွင့်တစ်ပွင့်ဖြစ်ပြီး အမြို့မြို့အနယ်နယ်မှာ အားပေးသူပရိသတ် အခိုင်အမာ ရရှိပိုင်ဆိုင်ထားသူတစ်ယောက် ဖြစ်ပါတယ်။ဖြိုးပြည့်စုံကတော့ သူ့ရဲ့ ကျန်းမာရေးအခြေအနေက မသက်သာသေးပေမယ့် ပရိသတ်တွေအတွက် အကောင်းဆုံးကြိုးစား ဖျော်ဖြေသွားမှာ ဖြစ်ပါတယ်။ အချိန်ပေးပြီး ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးကို မိုမိုလေးမှ ကျေးဇူးအထူးတင်ပါတယ်။
Rowena
Source: Phyo Pyae Sone's fb
Saturday, October 12, 2019
လေပြွန်ရောင်နေပေမယ့်လည်း သီတင်းကျွတ်ပွဲတော်မှာ သီဆိုဖျော်ဖြေမယ့် ဖြိုးပြည့်စုံ
Tags
# Celebrity
About Admins
Sora Blogging Tips is a blogger resources site is a provider of high quality blogger template with premium looking layout and robust design. The main mission of sora blogging tips is to provide the best quality blogger templates.
Celebrity
Tags
Celebrity