Breaking

Friday, October 25, 2019

ချစ်ဇနီးလေးနဲ့ အင်းလေးမှာ သာသာယာယာ အနားယူနေတဲ့ ရွှေထူး

 တစ်​ယောက်​ကိုတစ်​ယောက်​ကြင်​နာတတ်​လွန်းတဲ့ ကြည်​နူးဖွယ်​အပြုအမူ​လေး​တွေ​ကြောင့် ပရိသတ်​တွေ အားကျချစ်​ခင်​ရတဲ့​ရွှေထူးနဲ့​ရွှေ​မှုံရတီတို့ ဇနီး​မောင်​နှံက​တော့ အချစ်​တွေအပြည့်​နဲ့ သာယာ​ပျော်​ရွှင်​တဲ့ အိမ်​ထောင်​ရေးကို ပိုင်​ဆိုင်​ထားတာပါ။ လတ်​တ​လောမှာ​တော့​ ရွှေထူးက အင်းလေးမှာ အနားယူနေကြတဲ့ သူတို့ဇနီးမောင်နှံရဲ့Romantic ဆန်ဆန် ပုံရိပ်တွေကို လူမှုကွန်ယက်မှာ ထုတ်ပြလာတာ တွေ့ရပါတယ်။ လေတိုက်တိုင်း စိတ်တွေကောက်တတ်တဲ့ ရွှေမှုံနဲ့ ချော့နိုင်လွန်းသူကြီး ရွှေထူး သူတို့နှစ်ဉီးရဲ့ ကြည်နူးစရာ အပြုအမူလေးတွေကတော့ ပရိသတ်ကိုပာ ပြုံးမိသွားစေပါတယ်နော်။


 မိုမိုလေးချစ်ပရိသတ်တွေအတွက် အရမ်းကို ကြည်နူးဖို့ကောင်းတဲ့  ရွှေထူးနဲ့ ရွှေမှုံရတီတို့ ဇနီးမောင်နှံရဲ့ ခရီးသွားပုံရိပ်လေးတွေကို ဖော်ပြပေးလိုက်ပါတယ်နော်။အဆိုတော် ရွှေထူးကတော့ "ရေသူမနဲ့ ဆုံတွေ့" ဆိုပြီး ချစ်ရတဲ့ ဇနီးလေးကို ရေသူမလေးနဲ့တင်စားပြီး သူတို့ဇနီးမောင်နှံရဲ့ပုံရိပ်တွေကို လူမှုကွန်ယက်မှာ ဝေမျှပေးထားတာပါ။ သီချင်းတွေကို ကိုယ်တိုင်ရေးပြီး ကိုယ်တိုင်ဆိုတဲ့ ရွှေထူးကတော့ ချစ်ဇနီးလေးအတွက်လည်း သီချင်းတွေရေးပေးပြီး၊ နှစ်ယောက်စုံတွဲသီချင်းတွေလည်း ဖန်တီးလေ့ရှိပါတယ်။ရွှေမှုံလေးကလည်း "My Boy " ဆိုပြီး ခန့်ညားတဲ့ ခင်ပွန်းရဲ့ပုံရိပ်ကို လူမှုကွန်ယက်မှာ ဝေမျှပေးထားပါသေးတယ်။ရေထဲမှာ ဘယ်လိုတောင် Ro နေကြတာလည်းကွယ်...။


ရွှေမှုံ​ရတီက​တော့ သရုပ်​ဆောင်​ပိုင်းမှာ မ​ခေသလို၊ အဆိုပိုင်းမှာလည်း ထူးချွန်​သူတစ်​ဦးဖြစ်​ကြောင်းကို သူမရဲ့သီချင်းတွေမှာ​ပြသနိုင်​ခဲ့သူ​လေးပါ။ လက်​ရှိမှာ​တော့​ရွှေမှုံ​လေးက ရုပ်​ရှင်​ဇာတ်​ကားကြီး​တွေ ရိုက်​ကူးဖြစ်​နေပြီး ပွဲ​တွေလည်း တက်​ဖြစ်​နေတာ​တွေ့ရပါတယ်​။ မိုမို​လေးချစ်​ပရိသတ်​တွေလည်း အရမ်းကို Romantic ဆန်လွန်းတဲ့ ရွှေနှစ်ရွှေမောင်နှံလေးကို သဘောကျရင် Share သွားကြဖို့ မမေ့ပါနဲ့နော်။

Myint Myat
Source: Shwe Mhone Yati's Facebook
credit-momolay.com

POPULAR POSTS

ads