နာမည်ကျော် ရော့ခ် အဆိုတော် တစ်ဦးဖြစ်သည့် အငဲ ၏ အစ်ကိုရင်းဖြစ်တဲ့ လေးဖြူကတော့ Iron Cross Band နှင့်အတူ စင်မြင့်ဖျော်ဖြေပွဲများစွာ သီဆိုလာခဲ့သူတစ်ဦးဖြစ်ပါတယ်။Iron Cross ရဲ့ ပင်တိုင်အဆိုရှင်တစ်ဦးဖြစ်တဲ့ လေးဖြူရဲ့ သီချင်းတွေဟာ လူငယ်၊ လူကြီးတွေရဲ့ အကြိုက်နဲ့ ထပ်တူကျခဲ့ပြီး ခေတ်တစ်ခေတ်မှာ အောင်မြင်မှုရဲ့ အထွဋ်အထိပ်ထိ ရောက်ရှိခဲ့ပါတယ်။ အဆိုတော်ကြီးတွေလို့ တင်စားရလောက်အောင် ဂီတနယ်ပယ်မှာ ဝါရင့်အဆိုတော်တွေအဖြစ် အသိအမှတ်ပြုထားရတာလည်းဖြစ်ပါတယ်။
သူဟာဇနီးဖြစ်သူမှာ ဒေါ်နွယ်နွယ်သန်းနဲ့အတူ၊သမီးကြီး ၏ အမည်မှာ ဆောင်းလေးဖြူ ဖြစ်ပြီး သားငယ်၏ အမည်မှာ တိမ်လေးဖြူ ပဲဖြစ်ပါတယ်။အရွယ်ရောက်နေကြပြီဖြစ်တဲ့ လေးဖြူရဲ့ သမီးနဲ့သား (၂) ဦးလုံးဟာ အနုပညာလောထဲဝင်ရောက်လာခြင်းမရှိပေမယ့် အနုပညာပိုးတွေတော့ ပါလာကြမှာ ကျိန်းသေပါတယ်။ သမီးဖြစ်သူ ဆောင်းလေးဖြူဟာ မော်ဒယ်တစ်ဦးအဖြစ် ရပ်တည်ချင်တဲ့သူဖြစ်ပေမယ့်လည်း ဖခင်ရဲ့ ခွင့်ပြုချက် မရရှိခဲ့ဘူးလို့ သိရပါတယ်။
မော်ဒယ်ဖြစ်ချင်သူ ဆောင်းလေးဖြူကတော့ နိုင်ငံခြားမော်ဒယ်တွေလို့ ဓာတ်ပုံအလန်းတွေရိုက်ပြီး သူရဲ့လူမှုကွန်ရက် စာမျက်နာမှ တင်လေ့ရှိပါတယ်။လက်ရှိမှာတော့ သမီးကြီး ဆောင်းလေးဖြူရဲ့ လူမှုကွန်ရက်မှာ အဖေဖြစ်သူ ကသူရဲ့ နံပါတ်(၁)ပရိသတ်ဖြစ်ကြောင်းကို “My number one fan I love you baba ” လို့ဆိုပြီး ကြည်နှုးစရာ ပုံရိပ်လေးကိုမျှဝေထားပါတယ်။ ပရိသတ်ကြီးရေ ဖခင်တိုင်းအတွက်ကတော့ သမီးလေးတွေက မင်းသမီးလေးတွေပါပဲ။
Saturday, October 26, 2019
မော်ဒယ်ဖြစ်ချင်သူ သမီးလေးရဲ့ နံပါတ်(၁)ပရိသတ်ပါဆိုတဲ့ လေးဖြူ
Tags
# Celebrity
About Admins
Sora Blogging Tips is a blogger resources site is a provider of high quality blogger template with premium looking layout and robust design. The main mission of sora blogging tips is to provide the best quality blogger templates.
Celebrity
Tags
Celebrity