Breaking

Thursday, October 31, 2019

(၃၅) ကိုက်အကွာကနေ ရရှိတဲ့ ဖရီးကစ်ကို အပြင်းစားဒုံးပျံကန်ချက်နဲ့ သွင်းယူခဲ့တဲ့ ရက်ဖို့ဒ်ရဲ့ လက်ဖျားခါချင်စရာကောင်းတဲ့ဂိုး

 ချဲလ်ဆီးအသင်းဘက်ကို သွင်းယူသွားခဲ့တဲ့ ရက်ဖို့ဒ်ရဲ့ဖရီးကစ်သွင်းဂိုးကတော့ တကယ့်ကို လက်ဖျားခါချင်စရာကောင်းခဲ့တာ ဖြစ်ပါတယ်။ ချဲလ်ဆီးနဲ့ မန်ယူတို့ ယှဉ်ပြိုင်ကစားခဲ့တဲ့ ကာရာဘောင်ဖလားပွဲစဉ်ကတော့ တစ်ဖက်နဲ့ တစ်ဖက် အကြိတ်အနယ်ရှိစွာ ယှဉ်ပြိုင်ကစားသွားခဲ့ကြတာကို တွေ့မြင်ရပါတယ်။ ဒီပွဲစဉ်မှာတော့ ဧည့်သည်မန်ယူအသင်းက ချဲလ်ဆီးကို အလဲထိုးပြီး နောက်တစ်ဆင့်ကို တက်ရောက်သွားနိုင်ခဲ့တာ ဖြစ်ပါတယ။်




 ဒါဟာ မန်ယူနည်းပြဆိုးလ်ရှားအတွက်တော့ လမ်းပတ်ကို အခုနှစ်ရာသီအတွင်း (၂) ကြိမ်မြောက် အလဲထိုးနိုင်ခဲ့ခြင်းလည်း ဖြစ်ခဲ့တယ်။ ပုံစံကောင်းပြန်ပြနေတဲ့ မန်ယူအသင်းဟာ ဒီပွဲစဉ်မှာ အနိုင်ရဖို့အတွက် ရက်ဖို့ဒ်၊ တွန်မီနေး၊ ဒန်နီရယ်ဂျိမ်းစ်၊ လင်ဂတ်၊ ဖရက်ဒ်၊ ဘစ်ဆာကာ၊ မက်ဂွဲရား အစရှိတဲ့ ကစားသမားတွေကို ထည့်သွင်းအသုံးပြုခဲ့တယ်။ဒီပွဲစဉ်မှာ မန်ယူအသင်းအတွက် အထူးခြေစွမ်းပြသွားတာကတော့ တိုက်စစ်မှူးရက်ဖို့ဒ်ပဲ ဖြစ်ပါတယ်။ ရက်ဖို့ဒ်ဟာ မန်ယူအသင်း ရရှိခဲ့တဲ့ ဂိုး (၂) ဂိုးစလုံးကို သွင်းယူသွားခဲ့တာပါ။ အထူးသဖြင့် ပွဲချိန် (၇၃) မိနစ်မှာ သွင်းယူသွားတဲ့ ဒုတိယဂိုးကတော့ တကယ့်ကို သေသပ်လှပလွန်းတာ တွေ့ရပါတယ်။ရက်ဖို့ဒ်ဟာ အဲဒီဂိုး (၃၅) ကိုက်အကွာကနေ ရရှိတဲ့ဖရီးကစ်ကနေတစ်ဆင့် တကယ့်ကို လှလှပပ သွင်းယူသွားခဲ့တာပဲ ဖြစ်ပါတယ်။ ရက်ဖို့်ဒ်ဟာ အပြင်းစားဒုံးပျံကန်ချက်နဲ့ ရင်သပ်ရှုမောဖွယ်ကောင်းလောက်အောင် သွင်းခဲ့တာဖြစ်ပြီး  ကန်ချက်က အားပါပြင်းထန်လွန်းနေတဲ့အတွက် ချဲလ်ဆီးဂိုးသမားကာဘယ်လိုင်ရိုလည်း ဘယ်လိုမှမတတ်နိုင်ခဲ့ပါဘူး။ဒီဖရီးကစ်သွင်းဂိုးနဲ့ ပတ်သက်ပြီး လူမှုကွန်ရက်မှာ ပရိသတ်တွေကတော့ ရက်ဖို့ဒ်ကို ချီးကျူးခဲ့ကြပါတယ်။ ဒါကြောင့် ရက်ဖို့ဒ်ရဲ့ အလှပဆုံးဖရီးကစ်သွင်းဂိုးကို ပရိသတ်တွေ သိရှိနိုင်အောင် ဖော်ပြပေးလိုက်ရပါတယ်။

ဒီဖရီးကစ်သွင်းဂိုးနဲ့ ပတ်သက်ပြီး လူမှုကွန်ရက်မှာ ပရိသတ်တွေကတော့ ရက်ဖို့ဒ်ကို ချီးကျူးခဲ့ကြပါတယ်။ ဒါကြောင့် ရက်ဖို့ဒ်ရဲ့ အလှပဆုံးဖရီးကစ်သွင်းဂိုးကို ပရိသတ်တွေ သိရှိနိုင်အောင် ဖော်ပြပေးလိုက်ရပါတယ်။
Ref: Sportbible

Oz11(မိုမိုလေး)
credit-momolay.com

POPULAR POSTS

ads