ပရိသတ်တွေအားလုံး အရမ်းကို အားကျရတဲ့ ဇနီးမောင်နှံလေးဖြစ်တဲ့ ရွှေထူးနဲ့ ရွှေမှုံရတီတို့နှစ်ဦးကတော့ အချစ်စစ်ဆိုတာ တကယ်ရှိကြောင်း အချိန်တစ်ခုအတွင်းမှာ ပရိသတ်တွေကို ပြသနိုင်ခဲ့တဲ့ စုံတွဲလေးပဲ ဖြစ်ပါတယ်။ လတ်တလောမှာတော့ ရွှေထူးက အရမ်းကို လှရက်လွန်းတဲ့ ဇနီးချောလေးကို ပိုင်ဆိုင်ထားရလို့ ဂုဏ်ယူနေတဲ့ပုံစံမျိုးနဲ့ ရွှေမှုံလေးကို တင်စားလိုက်တာ တွေ့ရပါတယ်။ သူ့ကိုယ်သူတော့ လူကြမ်းလို့ သတ်မှတ်ပြီး၊ သူ့ရဲ့ချစ်ဇနီးလေးကတော့ မင်းသမီးလေးလို့ ခမ်းခမ်းနားနား တင်စားလိုက်တဲ့ ရွှေထူးကတော့ တကယ့်ကို အချစ်ကြီးလွန်းသူကြီးပါပဲနော်။
ဇနီးလေးကို အရမ်းချစ်တဲ့ ရွှေထူးကတော့ မကြာခဏဆိုသလို ရွှေမှုံကို ဘယ်လောက်ထိချစ်ကြောင်း စကားလုံးလှလှလေးတွေနဲ့ ညွှန်းဆိုလေ့ရှိသူတစ်ဦးပါ။ ဒီနေ့လေးမှာလည်း ရှုတင်ရှိတဲ့ ဇနီးချောလေးကို လိုက်စောင့်တဲ့ ဓါတ်ပုံလေးနဲ့အတူ "လူကြမ်းနဲ့ မင်းသမီး" လို့ လူမှုကွန်ယက်မှာ တင်ထားတာပဲ ဖြစ်ပါတယ်။
လတ်တလောမှာတော့ ရွှေထူးနဲ့ ရွှေမှုံရတီတို့ ဇနီးမောင်နှံနှစ်ဦးက သီချင်းတွေအတူလုပ်ရင်း၊ ရုပ်ရှင်တွေလည်း ရိုက်ကူးဖြစ်နေတယ်လို့ သိရပါတယ်။ အနုပညာမှာ ပါရမီပါပြီး ထူးချွန်တဲ့ရွှေနှစ်ရွှေကတော့ အနုပညာလောကမှာ ကိုယ်စီ၊ ကိုယ်စီ အောင်မြင်မှုတွေကို ပိုင်ဆိုင်ထားသူနှစ်ဦးဆိုရင်လည်း မမှားပါဘူး။ မိုမိုလေးချစ်ပရိသတ်တွေလည်း ချစ်တတ်လွန်းတဲ့ ခင်ပွန်းကို ပိုင်ဆိုင်ထားတဲ့ ကံကောင်းလွန်းသူလေး ရွှေမှုံရတီကိုချစ်ရင် share သွားကြဖို့မမေ့ပါနဲ့နော်။
Myint Myat
Source;Htoo Khant's Facebook
Thursday, October 17, 2019
လှရက်လွန်းတဲ့ ချစ်ဇနီးချောလေးကို ခမ်းခမ်းနားနား အမွှန်းတင်လိုက်တဲ့ ရွှေထူး
Tags
# Celebrity
About Admins
Sora Blogging Tips is a blogger resources site is a provider of high quality blogger template with premium looking layout and robust design. The main mission of sora blogging tips is to provide the best quality blogger templates.
Celebrity
Tags
Celebrity