Breaking

Friday, October 18, 2019

အိမ်ရှင် အီဂျစ်နိုင်ငံသူကို ၂ပွဲပြတ်ဖြင့် နိုင်လိုက်တဲ့ သက်ထားသူဇာ

 သက်ထားသူဇာ အိမ်ရှင် အီဂျစ်နိုင်ငံမှ ကစားမယ်အား ၂ ပွဲပြတ်ဖြင့် အနိုင်ရရှိသွားတယ်လို့ သိရပါတယ်။  Egypt International Series 2019 တွင် မြန်မာကြက်တောင်ကစားမယ် သက်ထားသူဇာက ဒီနေ့ မနက် (အီဂျစ်အချိန်) 9:40AM (မြန်မာအချိန်) 02:10 PM မှာ အိမ်ရှင် အီဂျစ် နိုင်ငံမှ ကစားမယ် Jana HESHAM MOHAMED ABDELKADER အား ၂၁-၄ ၊ ၂၁-၇ နှစ်ပွဲပြတ်ဖြင့် ယှဉ်ပြိုင်အနိုင်ရရှိခဲ့ကြောင်း သိရှိရသည်။

 နောက်တစ်ဆင့်ပြိုင်ပွဲ(Quater Final) ကို ညနေပိုင်း (အီဂျစ် အချိန်) 5:40 PM (မြန်မာအချိန်) 10:10PMမှာဆက်လက်ယှဉ်ပြိုင်မှာ ဖြစ်ပါသည်။ မနှစ်က ပြိုင်ပွဲမှာတုန်းကလည်း ရွှေရခဲ့ပြီး နိုင်ငံတကာ ပြိုင်ပွဲတွေမှာ ပထမဆုံး ရွှေရခဲ့တဲ့ ပြိုင်ပွဲလဲ ဖြစ်ပြီး ဒီနှစ်ပြိုင်ပွဲကိုလည်း ရွှေရအောင် သက်ထားသူဇာက အကောင်းဆုံးကြိုးစားယှဉ်ပြိုင်သွားမှာမို့ အားပေးကြပါဦး။

POPULAR POSTS

ads