Breaking

Thursday, October 17, 2019

ရိုးရိုးရှင်းရှင်း ဖက်ရှင်လေးနဲ့တောင် စွဲမက်ဖွယ်ကောင်းနေတဲ့ ပတ်ထရစ်ရှာ

 စူးရှရှအကြည့်တွေနဲ့ ညှို့အားပြင်းလွန်းတဲ့ အလှတရားကို ပိုင်ဆိုင်ထားတဲ့ မင်းသမီးချောလေး ပတ်ထရစ်ရှာကတော့ ဘိုမရုပ်လေးတစ်ရုပ်လို လှရက်လွန်းလို့ ပရိသတ်တွေရဲ့ချစ်ခင်အားပေးမှုကို အပြည့်အဝရရှိထားတာပဲ ဖြစ်ပါတယ်။ တော်ဝင်နှင်းဆီလေးလို လှတဲ့ ပတ်ထရစ်ရှာကတော့ လတ်တလောမှာလည်း ရိုးရိုးရှင်းရှင်းဖက်ရှင်လေးနဲ့တောင် စွဲမက်ဖွယ်ကောင်းနေတဲ့ သူမရဲ့ပုံရိပ်တစ်ချို့ကို လူမှုကွန်ယက်မှာ ဝေမျှပေးထားတာ တွေ့ရပါတယ်။ အဖြူရောင်အကျီင်္လေးနဲ့ ဂျင်းအပြာလေးကို အထာကျကျဝတ်ဆင်ထားတဲ့ ပတ်ထရစ်ရှာရဲ့ဖက်ရှင်ကလည်း မြင်ရသူတွေကို သဘောကျသွားစေလောက်အောင် လန်းနေတာပါနော်။


 ပတ်ထရစ်ရှာကတော့ "Gotta fly to the place where the love is ✈️❤️" ဆိုပြီး သူမရဲ့ခရီးသွားပုံရိပ်တစ်ချို့ကို လူမှုကွန်ယက်မှာ ဝေမျှပေးထားတာပါ။ အလှအပနဲ့ပတ်သတ်ရင်လည်း အမြဲဂရုစိုက်တဲ့ ပတ်ထရစ်ရှာကတော့ Gym လည်းပုံမှန်ကစားလေ့ရှိပြီး သူမရဲ့ခန္ဓာကိုယ်လှလှလေးကို ထိန်းသိမ်းထားတာပါနော်။ရိုးရိုးရှင်းရှင်း ဖက်ရှင်လေးနဲ့ ဘယ်လိုတောင် အထာကျနေလဲမေး...။

အသစ်တစ်ဦးပေမယ့်လည်း သရုပ်ဆောင်ပိုင်းမှာ ထူးချွန်လွန်းတဲ့ ပတ်ထရစ်ရှာကတော့ လက်ရှိမှာ အောင်မြင်မှုအတိုင်းအတာတစ်ခုအထိ ရရှိနေတဲ့ မင်းသမီးလေး ဖြစ်နေပါပြီ။ ရှာရှာကတော့ တလောကလည်း ဖိလစ်ပိုင် LGBT မော်ဒယ် Sinon နဲ့ ရုပ်ရှင်ဇာတ်ကားကြီးတစ်ကားကို အတူရိုက်ကူးထားသေးတယ်လို့လည်း သိရပါတယ်။ မိုမိုလေးချစ်ပရိသတ်တွေလည်း ဘယ်လိုဖက်ရှင်မျိုးနဲ့မဆို လိုက်ဖက်ညီတဲ့ ပတ်ထရစ်ရှာလေးကိုချစ်ရင် Share သွားကြဖို့ မမေ့ပါနဲ့နော်။

Myint Myat
Source;Sue Sha Htet's Facebook

POPULAR POSTS

ads