မြန်မာနိုင်ငံရဲ့ နာမည်အကြီးဆုံး မင်းသမီးတွေထဲက တစ်ဉီးဖြစ်တဲ့ သင်ဇာဝင့်ကျော်ကတော့ လှပတဲ့ရုပ်ရည်နဲ့ ချစ်စရာကောင်းတဲ့ စိတ်ထားကို ပိုင်ဆိုင်ထားသူလေးပါ။ စိတ်ဓာတ်ပြတ်သားပြီး ရဲရင့်တယ်လို့ ပရိသတ်တွေက လက်ခံထားတဲ့ သင်ဇာလေးကတော့ လတ်တလောမှာ မောင်လေးလိုချစ်ရတဲ့ ဟိန်းမင်းသူရဲ့မွေးနေ့လေးမှာ ဘုရားအတူတက်ခဲ့တဲ့ ချစ်စရာပုံရိပ်လေးတွေကို လူမှုကွန်ယက်မှာ ဝေမျှပေးထားတာ တွေ့ရပါတယ်။ မြန်မာဆန်တဲ့ ဖက်ရှင်လေးတွေကိုယ်စီနဲ့ ဘုရားသွားကျောင်းတက်ခဲ့ကြတဲ့ သင်ဇာနဲ့ ဟိန်းမင်းသူတို့ အနုပညာမောင်နှမနှစ်ဦးကတော့ အရမ်းကို ချစ်ဖို့ကောင်းလွန်းပါတယ်နော်။
မိုမိုလေးချစ်ပရိသတ်တွေအတွက် မောင်လေး ဟိန်းမင်းသူရဲ့မွေးနေ့မှာ ဘုရားအတူတူတက်ပေးခဲ့တဲ့ မမ သင်ဇာဝင့်ကျော် ရဲ့အကြောင်းကို ဖော်ပြပေးလိုက်ပါတယ်နော်။သင်ဇာဝင့်ကျော်ကတော့ အဆိုပါပုံရိပ်တွေကို မနေ့က သူမရဲ့လူမှုကွန်ယက်မှတစ်ဆင့် ဝေမျှပေးခဲ့တာဖြစ်ပြီး၊ မွေးနေ့ရှင်လေး ဟိန်းမင်းသူကိုလည်း မွေးနေ့ဆုတောင်းတွေ တောင်းပေးထားတာ တွေ့ရပါတယ်။သင်ဇာတို့ မောင်နှမနှစ်ယောက်ကိုကြည့်ရတာ အရမ်းကို အေးချမ်းလွန်းပါတယ်နော်...။
မင်းသမီးချောလေး သင်ဇာဝင့်ကျော်နဲ့ အဆိုတော် မော်ဒယ် ဟိန်းမင်းသူတို့နှစ်ဦးကတော့ တစ်ဦးနဲ့တစ်ဦး ခင်ခင်မင်မင်ရှိလှပြီး၊ သီချင်းတွေလည်း အတူဆိုထားဖူးပါသေးတယ်။ သင်ဇာနဲ့ ဟိန်းမင်းသူတို့ အနုပညာမောင်နှမနှစ်ဦးကတော့ မကြာခဏဆိုသလိုလည်း အနုပညာအလုပ်တွေ အတူလုပ်လေ့ရှိပါတယ်။ မိုမိုလေးချစ်ပရိသတ်တွေလည်း အရမ်းကို ချစ်ဖို့ကောင်းတဲ့ သင်ဇာဝင့်ကျော်နဲ့ ဟိန်းမင်းသူတို့နှစ်ဦးကို သဘောကျရင် share သွားကြဖို့ မမေ့ပါနဲ့နော်။
Myint Myat
Source;Thinzar Wint Kyaw's Facebook
credit-momolay.com
Saturday, October 26, 2019
မောင်လေး ဟိန်းမင်းသူရဲ့မွေးနေ့မှာ ဘုရားအတူတူတက်ပေးခဲ့တဲ့ သင်ဇာဝင့်ကျော်
Tags
# Celebrity
About Phyo Lay
Sora Blogging Tips is a blogger resources site is a provider of high quality blogger template with premium looking layout and robust design. The main mission of sora blogging tips is to provide the best quality blogger templates.
Celebrity
Tags
Celebrity