Breaking

Sunday, October 13, 2019

သီတင်းကျွတ်ညမှာ စိန်ပြေးလိုက်တမ်းဆော့ပြီး ပျော်နေကြတဲ့ မေမြင့်မိုရ်၊ နေခြည်ရွှန်းလက်နဲ့ ဘုန်းရှိန်ခန့်

 လွန်ခဲ့တဲ့ လတွေက ပရိသတ်တွေ အားပေးကြည့်ရှုခဲ့ကြတဲ့ "ပုဂံမြို့သူ" ဇာတ်လမ်းတွဲကို မှတ်မိကြဦးမယ် ထင်ပါတယ်။ "ပုဂံမြို့သူ" ဇာတ်လမ်းတွဲက စာရေးဆရာကြီး မောင်သိန်းဆိုင်ရဲ့ ဝတ္ထုကို ပြန်လည်ရိုက်ကူးထားတာဖြစ်ပြီး ကျော်သူ၊ ဒေါင်း၊ ထူးအောင်၊ ဘုန်းရှိန်ခန့်၊ မေမြင့်မိုရ်၊ နေခြည်ရွှန်းလက်၊ အိစိကွေး စတဲ့ အနုပညာရှင်တွေများစွာ ပါဝင်ခဲ့ကြတာပဲ ဖြစ်ပါတယ်။


 "ပုဂံမြို့သူ" ဇာတ်လမ်းတွဲကတော့ ပြီးဆုံးသွားပြီဆိုပေမယ့် သရုပ်ဆောင်တွေကတော့ အခုချိန်ထိ အတူသွား၊ အတူလာနဲ့ ချစ်ချစ်ခင်ခင်ရှိနေကြတာကို တွေ့ရပါတယ်။ဒီတစ်ခေါက်မှာလည်း "ပုဂံမြို့သူ" အဖွဲ့သားတွေဖြစ်တဲ့ မေမြင့်မိုရ်၊ နေခြည်ရွှန်းလက်နဲ့ ဘုန်းရှိန်ခန့်တို့က သီတင်းကျွတ်ညလေးမှာ စိန်ပြေးလိုက်တမ်းဆော့ပြီး ပျော်ရွှင်နေကြတာကို တွေ့ရပါတယ်။

သူတို့ကိုကြည့်ပြီး ငယ်ဘဝတောင်ပြန်သတိရသွားသလိုပဲနော် 😍


မေမြင့်မိုရ်၊ နေခြည်ရွှန်းလက်နဲ့ ဘုန်းရှိန်ခန့်တို့ သူငယ်ချင်းတွေကတော့ သီတင်းကျွတ်ညလေးကို ပျော်ရွှင်စွာ ဖြတ်သန်းခဲ့တာ ဖြစ်ပါတယ်။ မိုမိုလေးပရိသတ်ကြီးလည်း သီတင်းကျွတ်လပြည့်နေ့လေးကို ပျော်ရွှင်စွာ ဖြတ်သန်းနိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

Rowena
Source: May Myint Mo's fb

ads