အရုပ်လေးလို ချစ်စရာကောင်းလွန်းလို့ ပရိသတ်တွေ အချစ်ပိုနေရတဲ့ မင်းသမီးချောလေး ဖွေးဖွေးကတော့ သရုပ်ဆောင်ပိုင်းမှာ အရမ်းထူးချွန်တာကြောင့် အောင်မြင်မှုတွေ ပိုပိုပြီး များလာသူလေးဆိုလည်း မမှားပါဘူး။ အပြစ်ကင်းစင်တဲ့ အလှတရားကို ပိုင်ဆိုင်ထားတဲ့ ဖွေးစိန်လေးကတော့ လတ်တလောမှာ ရွှေလွန်းလိပ်ပြာ ချိတ်အသစ်အတွက် ကြော်ငြာရိုက်ကူးနေတဲ့ ပုံရိပ်တွေ လူမှုကွန်ယက်မှာ ဝေမျှပေးထားတာ တွေ့ရပါတယ်။ မြန်မာချိတ်လေးနဲ့ မြန်မာဆန်လွန်းတဲ့ ဖွေးစိန်လေးရဲ့အလှကတော့ တည်ငြိမ်ရင့်ကျက်လွန်းလို့ ပရိသတ်တွေအားလုံးက သဘောကျနေကြတာပါနော်။
ဖွေးဖွေးကတော့ မကြာခဏဆိုသလို သူမရဲ့အလှပုံရိပ်လေးတွေ ဝေမျှပေးလေ့ရှိပြီး ပရိသတ်တွေရဲ့အသည်းကို ခြွေတတ်သူလေးဆိုလည်း မမှားပါဘူး။ လွန်ခဲ့တဲ့ လတွေက Accident တစ်ခုကြောင့် ရိုက်ကူးရေးတွေ နားလိုက်ရတဲ့ ဖွေးဖွေးကတော့ လက်ရှိမှာ ရုပ်ရှင်ဇာတ်ကားကြီးတွေတောင် ပြန်ရိုက်နေပြီပဲ ဖြစ်ပါတယ်။သရုပ်ဆောင်ပိုင်းမှာ ထူးချွန်တဲ့ မင်းသမီးတစ်ဦးဖြစ်တဲ့ ဖွေးဖွေးကတော့ သူမပါဝင်သရုပ်ဆောင်တဲ့ ဇာတ်ကားတိုင်းကို ကျရာဇာတ်ရုပ်ကို အပီပြင်ဆုံး သရုပ်ဆောင်နိုင်သူတစ်ဦးဖြစ်ပြီး၊ သုံးထပ်ကွမ်းအကယ်ဒမီဆုရင် မင်းသမီးလေးဆိုလည်း မမှားပါဘူး။
လတ်တလောမှာတော့ ဖွေးဖွေးက နှုတ်ခမ်းနီမလေးတွေရဲ့ အသည်းကျော် ဒေါင်းနဲ့အတူ ဒါရိုက်တာ အောင်မြတ်ရဲ့ "Love Equation" ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးကို နေ့ညမအား ရိုက်ကူးဖြစ်နေတယ်လို့ သိရပါတယ်။ မိုမိုလေးချစ်ပရိသတ်တွေလည်း အရမ်းတည်ငြိမ်တဲ့ ဖက်ရှင်နဲ့ လှချင်တိုင်းလှနေတဲ့ဖွေးစိန်လေးကို ချစ်ရင် Share သွားကြပါဦးနော်။
Myint Myat
Source:Phway Phway's facebook
Photo - Amazing Grace
Wednesday, October 30, 2019
တည်ငြိမ်ရင့်ကျက်တဲ့ အလှတရားတွေနဲ့ ညှို့ယူလိုက်ပြန်တဲ့ ဖွေးဖွေး
Tags
# Celebrity
About Admins
Sora Blogging Tips is a blogger resources site is a provider of high quality blogger template with premium looking layout and robust design. The main mission of sora blogging tips is to provide the best quality blogger templates.
Celebrity
Tags
Celebrity