ပုရိသတွေကြားမှာ အထူးတလည်ရေပန်းစားအောင်မြင်နေတဲ့ မိန်းမလှလေးသုံးယောက်ကတော့ လက်ရှိမှာ အမိုက်စား TVC လေးတစ်ခုကို ရိုက်ကူးနေကြပါတယ်။ သူတို့သုံးယောက်ကတော့ မင်းသမီးချော သင်ဇာဝင့်ကျော်၊ မင်းသမီးချော ရွှေအိမ်စည်နဲ့ မော်ဒယ်၊သရုပ်ဆောင် လုလုအောင်တို့ပဲ ဖြစ်ကြပါတယ်။ သူမတို့သုံးယောက်လုံးက စွဲမက်ဖွယ်ကောင်းတဲ့ ကောက်ကြောင်းအလှတွေကို ကိုယ်စီပိုင်ဆိုင်ထားကြတာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ရက်ပိုင်းကလည်း သင်ဇာတို့သုံးယောက်က TVC ရိုက်ကူးရေးအတွက် အတူတူအကလေ့ကျင့်ခဲ့ကြပါတယ်။ အခုလည်း သင်ဇာဝင့်ကျော်က သူမရဲ့ My Story မှာ လုလုအောင်၊ ရွှေအိမ်စည်တို့နဲ့အတူ ကထားတဲ့အကဗီဒီယိုလေးကို တင်ပေးထားပါတယ်။ ဆင်တူဝတ်စုံလေးနဲ့ Sexy ဆန်ဆန်ကပြထားတဲ့ သူမတို့သုံးယောက်ရဲ့ဗီဒီယိုလေးကတော့ လုံးဝကိုအမိုက်စားဖြစ်နေတာပဲ ဖြစ်ပါတယ် ။
သင်ဇာတို့သုံးယောက်က ဆင်တူဝတ်စုံလေးတွေဝတ်ဆင်ပြီး ဆွဲဆောင်မှုအပြည့်နဲ့ အပီအပြင်ကပြထားတာ ဖြစ်ပါတယ်။ သုံးယောက်လုံးရဲ့ မျက်လုံးအကြည့်တွေကအစ အရမ်းကိုညို့အားပြင်းလွန်းနေတာကြောင့် ကြည့်မိသူတိုင်းအသည်းကြွေသွားနိုင်လောက်တာ ဖြစ်ပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် သင်ဇာ၊ လုလုအောင်နဲ့ ရွှေအိမ်စည်တို့သုံးယောက်ရဲ့အကဗီဒီယိုဖိုင်လေးကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။
Photo Credit -Shwe Eain Si's FB
Video Credit - Thinzar Wint Kyaw's IG