မီ ဇာတ်ရုပ် နဲ့ ပရိသတ်တွေကြားမှာ နာမည်ကြီး နေတဲ့ နိုင်ငံကျော် ရုပ်ရှင်သရုပ်ဆောင် အကယ်ဒမီ ပိုင်ဖြိုးသု ဟာဆိုရင် သရုပ်ဆောင်ပီပြင်လွန်းတာကြောင့် သူမကို ချစ်တဲ့ ပရိသတ်အခိုင်အမာရှိနေတာပါ။ ပိုင်ဖြိုးသုက ချစ်ရတဲ့ ခင်ပွန်းဖြစ်သူ ဒါရိုက်တာ ဏကြီး နဲ့ အနုပညာအလုပ်တွေကြိုးစားလုပ်ရင်း ပျော်ရွှင်ကြည်နူးစရာကောင်းတဲ့ မိသားစု ဘဝကို ဖြတ်သန်းနေတာပဲ ဖြစ်ပါတယ်။ဒီတစ်ခါမှာတော့ ပိုင်ဖြိုးသုက "Box No.88" ရုပ်ရှင်ဇာတ်ကားကြီး ကြည့်ဖို့ ခင်ပွန်ကို ခုံဦးခိုင်းထားပေမယ့်ရောက် မလာလို့ ခင်ပွန်ဆူတာခံလိုက်ရတဲ့အကြောင်းကို ဖော်ပြပေးလိုက်ပါတယ်နော်။
ပိုင်ဖြိုးသု က " Congratulations "Box No.88" ရုပ်ရှင်ဇာတ်ကားကြီး 😊သုသုအရမ်းကြည့်ချင်နေတဲ့ကားပါ....ဒါပေမယ့် မနေ့ကကြော်ငြာရိုက်ကမိုးချုပ်သွားလို့ မလာလိုက်ရတာပါ 😞ရုံတင်မှပဲသွားကြည့်ရတော့မယ် 😍နောက်ဆုံး last minute အထိမှီသလောက်ရတဲ့အခန်းကဝင်ကြည့်မှာဆိုပြီးဦးရေခဲကိုခုံဉီးခိုင်းထားတာ 😬ခုံဦးခိုင်းပြီးရောက်မလာလို့ ဆူခံထိသေးတယ် 😤ကိုဝင်းလွင်ထက်ရယ် ကိုနေတိုးရယ် မအူဝဲရယ် ကိုထွန်းရယ် ပေါင်းထားမှတော့ အရမ်းမိုက်မယ်ဆိုတာ သိလို့ကြည့်ချင်နေပါပြီ " လို့ပြောထားပါတယ်။ပိုင်ဖြိုးသု က နေတိုး၊ အိန္ဒြာကျော်ဇင်၊ ထွန်းထွန်း တို့ သရုပ်ဆောင်ထားတဲ့ "Box No.88" ရုပ်ရှင်ဇာတ်ကားကြီး ဖြစ်လို့ ကြည့်ချင်တာကြောင့် ခင်ပွန်ကို ခုံဦးခိုင်းထားပေမယ့်အလုပ်မအားလို့ ရောက်မလာတဲ့ သူမကို ခင်ပွန် က ဆူတာခံလိုက်ရတယ်လို့ ပြောထားတာပါ။ပိုင်ဖြိုးသု ပါဝင်သရုပ်ဆောင်ထားတဲ့ ထာဝရနှောင်ကြိုး " Now &Ever " ရုပ်ရှင်ဇာတ်ကားက ပရိသတ်တွေကြားမှာ အရမ်းနာမည်ကြီးနေပြီး မကြာခင်မှာ ပြသခွင့်ရတော့မှာပါ။
ပိုင်ဖြိုးသု ပြောပြတဲ့ အကြောင်းကို ပရိသတ်တွေ သိရလောက်ပြီ ထင်ပါတယ်။ ကြည့်ရူပေးကြတဲ့ မိုမိုလေး ပရိသတ်ကြီးကို ကျေးဇူးအထူးတင်ရှိပါတယ်နော်။
Moekalay
Source;paing phyo thu
credit-momolay.com
Sunday, October 27, 2019
ခင်ပွန်ဆူတာခံလိုက်ရတဲ့ အကြောင်းပြောလာတဲ့ ပိုင်ဖြိုးသု
Tags
# Celebrity
About Phyo Lay
Sora Blogging Tips is a blogger resources site is a provider of high quality blogger template with premium looking layout and robust design. The main mission of sora blogging tips is to provide the best quality blogger templates.
Celebrity
Tags
Celebrity