Breaking

Monday, October 28, 2019

မင်္ဂလာပွဲ နဲ့ အသုဘ ကို တစ်ချိန်ထဲ ကျင်းပ ခဲ့ရတဲ့ စုံတွဲ

 လက်ထပ်ပွဲ ဆိုတာ ချစ်သူနှစ်ဦးအတွက် အပျော်ရွှင်ရဆုံး ပွဲလို့ ဆိုလို့ရပါတယ်။ ဒါပေမဲ့ တရုတ်နိုင်ငံက သိပ်ချစ်ကြတဲ့ ချစ်သူ၂ဦးအတွက်ကတော့ သူတို့ ရဲ့ မင်္ဂလာပွဲလို့ ဆိုလို့မရခဲ့ပါဘူး။ အသက်၃၅နှစ်အရွယ် Xu ဆိုတဲ့အမျိုးသားဟာ ရင်သား ကင်ဆာကြောင့် ဆုံးပါးခဲ့တဲ့ သူချစ်ရတဲ့မိန်းကလေး ရဲ့အသုဘမှာပဲ သူတို့ရဲ့ လက်ထပ်ပွဲကိုကျင်းပခဲ့တယ်လို့ သိရပါတယ်။

 သူ့ရဲ့ချစ်သူ အသက်၃၄နှစ် အရွယ် Yang ဟာ အသက်၂၈နှစ်အရွယ် ကတည်းက ကင်ရောဂါခံစား ခဲ့ရသူဖြစ်ပါတယ်။သူတို့၂ဦးဟာ တက္ကသိုလ် တတ်စဉ် အွန်လိုင်းမှာတွေ့ဆုံကာ ချစ်ကြိုက်ခဲ့ကြတာပါ။
Xu ဘွဲ့ရပြီးနောက် အင်တာနက် ဆိုင်တွေမှာပဲ အချိန်ဖြုန်းနေစဉ် မှာ ဘဝကို ကြိုးစားဖြတ်သန်းဖို့ အားပေးခဲ့ သူကတော့ Yang ပဲဖြစ်ပါတယ်။ အဲဒီ့နောက်မှာ Xu ဟာငွေစုပြီး စီးပွားရေးလုပ်ငန်းလေးစလုပ်ကိုင်ကာ ရေပူမရှိ လေအေးစက်မရှိတဲ့အိမ်ငယ်လေးငှားပြီး သူတို့၂ဦးဘဝကို အတူတူ စတင်ခဲ့ကြပါတယ်။


Xu စီးပွားရေးအဆင်ပြေလာပြီး Yangရဲ့မွေးရပ်မြေမှာ အိမ်ဝယ်ပေးနိုင် ခဲ့ပြီး သူတို့ လက်ထပ်ခြင်းကို မှတ်ပုံတင်ပြီးနောက်မှာ Yang ရဲ့ ကင်ဆာဆဲလ်တွေဟာ ရင်သား၂ ဖက်လုံးကို ပျံ့နှံ့ခဲ့ပြီဆိုတာ သိခဲ့ရပါတယ်။ချစ်ရသူရဲ့ အသုဘမှာပဲ သူမရဲ့နောက်ဆုံး ဆန္ဒအတိုင်း လက်ထပ်ခဲ့တဲ့ Xu ဟာ သူတို့ရဲ့ ဘဝဖြတ်သန်းပုံကို ဗွီဒီယိုအဖြစ် ဖန်တီးပြီး ပြသခဲ့ပါတယ်။ သူ့ရဲ့သတို့သမီးကတော့ အခေါင်းထဲ မှာ လဲလျောင်းနေပြီး သူတို့ရဲ့ဗွီဒီယိုလေးနဲ့ အဖြစ်အပျက်ကို မြင်ရသူတိုင်းဟာ မျက်ရည်ဝဲခဲ့ရပါတယ်။crd – ( Shwe Yaung Lan )

POPULAR POSTS

ads