ပရိသတ်တွေချစ်ကြတဲ့ ဒါရိုက်တာဏကြီးနဲ့ ပိုင်ဖြိုးသုက ရင့်ကျက်တည်ငြိမ်ပြီး နားလည်မှုအပြည့်အဝရှိတဲ့ အိမ်ထောင်ရေးတစ်ခုကို တည်ဆောက်ထားကြသူများ ဖြစ်ပါတယ်။ ပရိသတ်တွေက "မီမောင်နှံ" လို့ တင်စားခေါ်ဝေါ်ကြတဲ့ ဏကြီးနဲ့ ပိုင်ဖြိုးသုက အိမ်ထောင်သက် တစ်နှစ်မပြည့်သေးပေမယ့် တစ်ယောက်နဲ့တစ်ယောက် သံယောဇဉ်တွေ ခိုင်မြဲပြီး အရင်ကထက် ပိုလို့တောင် ချစ်ကြတာကို တွေ့ရပါတယ်။
ဏကြီထက် အသက် (၈) နှစ်ကျော်ငယ်တဲ့ ဇနီးလေး ပိုင်ဖြိုးသုက သူမရဲ့ ခင်ပွန်းဖြစ်သူကို ကလေးဆိုးလေးတစ်ယောက်လို ချွဲနွဲ့တတ်သူလေး ဖြစ်ပါတယ်။ ဏကြီးကလည်း ဇနီးလေး စိတ်မကောက်ကောက်အောင် လိုက်စတတ်တာမို့ ပရိသတ်တွေက သူတို့ ဇနီးမောင်နှံကို သဘောကျနေရတာ ဖြစ်ပါတယ်။ဒီနေ့မှာတော့ ပိုင်ဖြိုးသုက သူမရဲ့ ခင်ပွန်း ဏကြီးကို အစားတစ်ခုကြောင့် အယုံအကြည်မရှိတော့တဲ့အကြောင်း ကာတွန်းပုံလေးတွေနဲ့ အခုလိုပဲ ဟာသလေးနှောပြီး ပြောထားပါတယ်။
"ရေခဲသေတ္တာထဲက အိုင့် dark chocolate တွေကိုအကုန်စားပစ်လိုက်ကတည်းက ယူ့ကိုအယုံအကြည်မရှိတော့တာ....ဟွင်းဟွင်း.... 😤😤😤 သိဘို့ ဦးရေခဲ" ဆိုပြီး ပြောထားပါတယ်။ပိုင်ဖြိုးသုနဲ့ ဏကြီးကတော့ တကယ်ကို တစ်ယောက်နဲ့တစ်ယောက် အပြန်အလှန် စနောက်နေတာ ချစ်စရာလေးနော်။ ပရိသတ်ကြီးလည်း ပိုင်ဖြိုးသုနဲ့ ဏကြီးတို့ရဲ့ ချစ်စရာကောင်းတဲ့ ပုံရိပ်လေးတွေကို သဘောကျကြမယ် ထင်ပါတယ်နော်။ အချိန်ပေးပြီး ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးကို မိုမိုလေးမှ ကျေးဇူးအထူးတင်ရှိပါတယ်။
Rowena
Source: Paing Phyoe Thu's fb
Monday, October 7, 2019
Home
/
Celebrity
/
အစားတစ်ခုကြောင့် ဏကြီးကို အယုံအကြည်မရှိတော့ကြောင်း အရွှန်းဖောက်ပြောလာတဲ့ ပိုင်ဖြိုးသု
အစားတစ်ခုကြောင့် ဏကြီးကို အယုံအကြည်မရှိတော့ကြောင်း အရွှန်းဖောက်ပြောလာတဲ့ ပိုင်ဖြိုးသု
Tags
# Celebrity
About Admins
Sora Blogging Tips is a blogger resources site is a provider of high quality blogger template with premium looking layout and robust design. The main mission of sora blogging tips is to provide the best quality blogger templates.
Celebrity
Tags
Celebrity