Breaking

Wednesday, October 30, 2019

အောင်သူ နဲ့ ပိုးအိအိခန့် တို့ရဲ့ သားလေး သွင်ဦးဟန်(ကိုကိုး)ရဲ့ ရက်(၁၀၀)ပြည့်အလှူ

 မြန်မာ့ဘောလုံးလောကရဲ့ နာမည်ကြီး ကစားသမားတစ်ဦးဖြစ်ခဲ့ပြီး လက်ရှိချိန်မှာတော့ ထိုင်းအသင်းတစ်ခုမှာ ဝင်ရောက်ဆော့ကစားနေတဲ့ ဘောလုံးသမားကတော့ ပရိသတ်အချစ်တော် အောင်သူဖြစ်ပါတယ်။ ပရိသတ်တွေအားပေးရတဲ့ အောင်သူကတော့ နာမည်ကြီး မင်းသမီးလေး ပိုးအိအိခန့်နဲ့ လက်ထပ်ခဲ့ပြီး ခုဆိုရင် သားဦးလေး ကို မွေးဖွားထားပြီပဲ ဖြစ်ပါတယ်။ ဒီတစ်ခါမှာတော့ မိုမိုလေး ပရိသတ်ကြီးအတွက် သားလေး ရဲ့ ရက်၁၀၀ ပြည့် မွေးနေ့အလှူ ပုံရိပ်လေးတွေကို ဖော်ပြပေးလိုက်ပါတယ်နော်။


 အောင်သူနဲ့ ပိုးအိအိခန့်တို့ က သားဦးလေးကို ဂျူလိုင် ၁၉ ဘန်ကောက်မှာ မွေးဖွားခဲ့ပြီး ပရိသတ်တွေကို သူတို့ရဲ့ ချစ်စရာကောင်းတဲ့ သားဦးလေး ပုံရိပ်ကလေးတွေကို ချပြခဲ့ပါတယ်။ဒီတစ်ခါမှာတော့ အောင်သူ နဲ့ ပိုးအိအိခန့် တို့ရဲ့ သားလေး သွင်ဦးဟန်(ကိုကိုး)ရဲ့ ရက်(၁၀၀)ပြည့်အလှူကို ယနေ့ အောက်တိုဘာ(၃၀)ရက်နေ့ မနက်ပိုင်းက ပေါက်စေတီကျောင်းတိုက်၊ (၈)မိုင်၊ ရန်ကုန် မှာပြုလုပ်ခဲ့တာပဲ ဖြစ်ပါတယ်။အောင်သူ နဲ့ ပိုးအိအိခန့် တို့ရဲ့ သားလေး ကိုကိုး ရဲ့ ရက်၁၀၀ ပြည့် မွေးနေ့အလှူ ပုံရိပ်ကလေးတွေကို ဆက်လက်ကြည့်ရူပေးကြပါဦးနော်။

မြန်မာ့လက်ရွေးစင်တိုက်စစ်မှူး အောင်သူ နှင့်သရုပ်​ဆောင် ပိုးအိအိခန့်တို့ ရဲ့ သားလေးရက်၁၀၀ ပြည့်မွေးနေ့အလှူ ပုံရိပ်ကလေးတွေကို ပရိသတ်တွေ သဘောကျလိမ့်မယ် ထင်ပါတယ်။ ကြည့်ရူပေးကြတဲ့ မိုမိုလေး ပရိသတ်ကြီးကို ကျေးဇူးအထူးတင်ရှိပါတယ်နော်။

Moekalay
Source;ThuRiya


POPULAR POSTS

ads