Breaking

Wednesday, October 23, 2019

လာဖမ်းတဲ့ ရဲကို တင်ပါးနဲ့ပွတ်ခဲ့တဲ့ အမူးလွန်အမျိုးသမီးရဲ့ အဖြစ် ( ရုပ်သံ )

မကြာသေးခင်က လူမှုကွန်ရက်ပေါ်မှာ ပျံ့နှံ့လာတဲ့ ဗွီဒီယိုဖိုင်တစ်ခုထဲမှာ အမူးလွန်နေတဲ့ အမျိုးသမီးငယ်တစ်ဦးဟာ ရဲက ဖမ်းဆီးချုပ်နှောင်စဉ်မှာ၊ အပျော်လွန်နေတဲ့အထာနဲ့ ရဲကို တင်ပါးနဲ့ပွတ်ပြီး မြှူစွယ်ခဲ့ပါတယ်။ ဒီဗွီဒီယိုဖိုင်ဟာ လူမှုကွန်ရက်ပေါ်မှာ အတော်လေး ရယ်စရာဖြစ်ခဲ့ရပါတယ်။



ဒီအကြောင်းကို The Sun သတင်းစာက ဖော်ပြခဲ့တာဖြစ်ပါတယ်။ အဆိုပါအမျိုးသမီးဟာ ရဲအရာရှိကို တင်ပါးနဲ့ပွတ်ရင်း “ ဟုတ်ပြီ … ရှင်ကြိုက်လား .. ကြိုက်လား ”ဆိုပြီးတော့လည်း ပါးစပ်က တတွတ်တွတ် ပြောနေပါသေးတယ်။ သူမဟာ ကလပ်ထဲ ရောက်နေတယ်လို့များ စိတ်က မှတ်နေပုံပါဘဲ။

ဒီအဖြစ်အပျက်ဟာ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က ဖြစ်ခဲ့တာလို့ သိရပြီး၊ ဗွီဒီယိုဖိုင် ပထမဆုံး ဖြန့်ဝေလိုက်တဲ့ စာမျက်နှာကတော့ Barstool Sports လို့ သိရပါတယ်။ အမျိုးသမီးရဲ့ အမည်နာမနဲ့ ဒီအဖြစ်အပျက် ဘယ်နေရာမှာ ဖြစ်ခဲ့တယ်ဆိုတာကိုတော့ သတင်းမှာ အသေးစိတ် မဖော်ပြထားပါဘူး။

အမျိုးသမီးဟာ ရဲအရာရှိက လက်ထိပ်ခတ်ဖို့ ကြိုးစားနေတာကို သူ့ကောင်လေးက နောက်က သိုင်းဖက်နေတယ်လို့များ အထင်ရှိနေသလား-ဆိုပြီး မှတ်ချက်ရေးသူ ရှိခဲ့ပါတယ်။ အဲဒီဗွီဒိယိုဖိုင်ရဲ့အောက်မှာ အမျိုးမျိုးသော မှတ်ချက်တွေနဲ့ အတော်လေး ပွဲဆူခဲ့ပါတယ်။ သူမကို ဘာလို့ ဖမ်းတယ်ဆိုတာလည်း မသိရပါဘူး။

လင်းဇော်ကို D Nae Khit Media

POPULAR POSTS

ads