ချစ်စရာကောင်းတဲ့ အပြုံးချိုချိုလေးတွေရဲ့ ပိုင်ရှင် မင်းသမီးချောလေး ချစ်စနိုးဦးက ပရိသတ်တွေကို ဖမ်းစားနိုင်သူလေး ဖြစ်ပါတယ်။ ချစ်စနိုးဦးက အသက်အရွယ်တစ်ခုရလာပြီးတဲ့နောက်ပိုင်းမှာတော့ အနုပညာလုပ်ငန်းတွေကို သိပ်မလုပ်ကိုင်တော့ပေမယ့် ပရိသတ်တွေကတော့ ဒီနေ့ဒီအချိန်ထိ အားပေးချစ်ခင်နေကြဆဲ ဖြစ်ပါတယ်။
ဒီကနေ့ အောက်တိုဘာလ (၂၀) ရက်နေ့မှာတော့ ချစ်စနိုးဦးက သူမရဲ့ (၆) နှစ်တာ လက်တွဲလာတဲ့ ချစ်သူ ကိုဖိုးသားနဲ့ မင်္ဂလာဆွမ်းကျွေးပွဲလေးကိုကျင်းပခဲ့ပါတယ်။
ချစ်စနိုးဦးနဲ့ ကိုဖိုးသားတို့ရဲ့ မင်္ဂလာဆွမ်းကျွေးပွဲလေးကို ဆံတော်ကြိုအလံပြဘုရားမှာ ကျင်းပပြုလုပ်ခဲ့ပြီး ခင်မင်ရင်းနှီးတဲ့ မိတ်ဆွေ၊ သူငယ်ချင်းများစွာ တက်ရောက်ဂုဏ်ပြုပေးခဲ့ကြပါတယ်။
ချစ်စနိုးဦးနဲ့ ကိုဖိုးသားတို့ကတော့ ဒီနေ့ မင်္ဂလာလက်မှတ်ထိုးပွဲအပြင် မင်္ဂလာလက်ထပ်ပွဲ၊ စုလျားရစ်ပတ်ပွဲနဲ့ မင်္ဂလာညစာစားပွဲတွေကိုပါ ထပ်မံကျင်းပသွားဦးမှာ ဖြစ်ပါတယ်။
ချစ်စနိုးဦးကတော့ သူမကို မြတ်မြတ်နိုးနိုး တန်ဖိုးထားချစ်တဲ့ ချစ်သူနဲ့ ရွှေလက်တွဲခဲ့ပြီ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း ချစ်စနိုးဦးတို့ ဇနီးမောင်နှံရဲ့ ပုံရိပ်လေးတွေကို ကြည့်ပြီး ပီတိဖြစ်နေကြမယ် ထင်ပါတယ်နော်။ အချိန်ပေးပြီး ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးကို မိုမိုလေးမှ ကျေးဇူးအထူးတင်ပါတယ်။
Rowena credit-momolay.com
Photo: Designer Nyein Ko &Wai Phyo Maung's fb
Sunday, October 20, 2019
Home
/
Celebrity
/
ခင်မင်ရင်းနှီးသူတွေတက်ရောက်ခဲ့တဲ့ ချစ်စနိုးဦးနဲ့ ကိုဖိုးသားတို့ရဲ့ မင်္ဂလာဆွမ်းကျွေးအခမ်းအနား
ခင်မင်ရင်းနှီးသူတွေတက်ရောက်ခဲ့တဲ့ ချစ်စနိုးဦးနဲ့ ကိုဖိုးသားတို့ရဲ့ မင်္ဂလာဆွမ်းကျွေးအခမ်းအနား
Tags
# Celebrity
About Phyo Lay
Sora Blogging Tips is a blogger resources site is a provider of high quality blogger template with premium looking layout and robust design. The main mission of sora blogging tips is to provide the best quality blogger templates.
Celebrity
Tags
Celebrity