ကာရာဘောင်ဖလားပွဲစဉ်မှာတော့ အာဆင်နယ်ကွင်းလယ်လူအိုးဇေးလ်က သူ့ရဲ့မှော်ဆန်တဲ့ ဖန်တီးမှုတစ်ခုကို လုပ်ပြခဲ့ပြီး Assist King ပီသကြောင်း ထပ်မံသက်သေပြသွားခဲ့တာဖြစ်ပါတယ်။ Assist King ဟာ ဒီရာသီမှာ မှောင်မိုက်မိုက်လမ်းတွေကို လျှောက်လှမ်းနေပြီး နေ့စွဲတွေကို စိတ်မသက်မသာနဲ့ ဖြတ်သန်းနေရပါတယ်။ Hard Working သမားတွေကို ဦးစားပေးတတ်ရဲ့ တလွဲဆံပင်ကောင်းပဲ့ကိုင်ရှင်အောက်မှာ ပါရမီရှင်တစ်ယောက် ပျောက်ကွယ်သေဆုံးနေရ။
အိုဇေးလ်နဲ့ ပတ်သက်ရင် အာဆင်နယ်ပရိသတ်တွေရင်ထဲမှာ အမှတ်တရတွေ များတယ်။ မျှော်လင့်ချက်တွေလည်း အများကြီးရှိတယ်။ အာဆင်နယ်တစ်ခေတ်ကို အိုဇေးလ်နဲ့ တော်လှန်ဖို့ ရဲသွေးနီခဲ့ကြတဲ့ စိတ်ဓာတ်တွေ အခုအချိန်အထိ သွေးမတိတ်သေးပါဘူး။ဒါပေမဲ့ နည်းပြအမ်မရီဟာ အိုဇေးလ်ကို အသုံးမပြုဘဲ ချောင်ထိုးထားခဲ့တယ်။ အိုဇေးလ်လို နှစ်ယောက်အစားထိုးလို့မရနိုင်တဲ့ ပါရမီရှင်တစ်ဦး အရန်ခုံမှာဆွေးမြေ့နေရတာ နာကျင်စရာပါပဲ။ ပရိသတ်တွေအော်နေတဲ့ကြားက အမ်မရီခေါင်းမာမာနဲ့ပဲ အိုဇေးလ်ကို ချောင်ထိုးထားစမြဲပဲ။
အာဆင်နယ်အသင်းရဲ့ တိုက်စစ်လမ်းကြောင်းတွေကို အကောင်းဆုံးဦးဆောင်နိုင်ခဲ့သူဟာ အိုဇေးလ်ပါပဲ။ ဒါ့အပြင် နိုင်းလ်ရဲ့သွင်းဂိုးအတွက် အိုဇေးလ်ရဲ့ဖန်တီးပေးပို့မှုကတော့ လက်ဖျားခါချင်စရာကောင်းခဲ့တာပါ။ ဂိုးစည်းကျော်တော့မယ့်ဘောလုံးကို အိုဇေးလ်က အတင်းလိုက်ဆယ်ပြီး နောက်ပေါက်နဲ့ အကွက်မြင်လွန်းစွာ နိုင်းလ်ကို ထိုးပေးခဲ့တာပါ။ Assist King ကတော့ Assist King ပီသခဲ့တယ်လို့ ဆိုရမှာပါ။
Ref: Sportbible
Oz11(မိုမိုလေး)
credit-momolay.com
Thursday, October 31, 2019
လုံးဝအနုပညာရသမြောက်လွန်းတဲ့ အိုဇေးလ်ရဲ့ အမိုက်စားနောက်ပေါက်နဲ့ ဂိုးဖန်တီးမှု
About Phyo Lay
Sora Blogging Tips is a blogger resources site is a provider of high quality blogger template with premium looking layout and robust design. The main mission of sora blogging tips is to provide the best quality blogger templates.
Sport
Tags
Sport