Breaking

Monday, October 7, 2019

ပါတီတက်၊ အရက်အတူသောက်ပေးရင် သိန်းရာချီပေးမယ်ဆိုပြီး အထင်သေးခံရတဲ့အကြောင်း ရင်ဖွင့်လာတဲ့ မြတ်သူသူဇင်

 ဇာတ်လမ်းတွဲတွေကို ပါဝင်သရုပ်ဆောင်ရင်းနဲ့ ပရိသတ်တွေရဲ့စိတ်ဝင်စားမှုကို အပြည့်အဝရရှိထားတဲ့ မင်းသမီးချောလေး မြတ်သူသူဇင်ကတော့ အနုပညာကို ချစ်မြတ်နိုးလွန်းသူလေးမို့၊ ကျရာဇာတ်ရုပ်ကို ပီပီပြင်ပြင်နဲ့ အကောင်းဆုံး သရုပ်ဆောင်တတ်သူတစ်ဦးပါ။ မင်းသမီးပေမယ့်လည်း ရိုးရိုးသားသားနဲ့ ဘဝကို အကောင်းဆုံးဖြတ်သန်းနေတဲ့ မြတ်သူသူဇင်ကတော့ လတ်တလောမှာ ပါတီတက်၊ အရက်အတူသောက်ပေးရင် သိန်းရာချီပေးမယ်ဆိုတဲ့ လူတစ်ဦးရဲ့ အထင်သေးခံရတဲ့အကြောင်း ရင်ဖွင့်လာတာ တွေ့ရပါတယ်။ အဆိုပါ စိတ်အနှောင့်အယှက်ပေးတဲ့သူကြောင့် မြတ်သူသူဇင်တစ်ယောက် တော်တော်လေးကို စိတ်ရှုပ်ခဲ့ရတာပါနော်။


 မြတ်သူသူဇင်ကတော့ "ဟယ် အမတို့အလုပ်ကလည်းနော် ၇၀/၁၀၀ ကြားရတယ်ဆိုပြီး အပျော်ကစားနေသလိုကြီးနော် ကျွန်မက မသောက်တတ်ဘူး မကတတ်ဘူး ပြီးတော့ အဲ့အလုပ်ကြီးလည်းမလုပ်တတ်ဘူး အားနာလိုက်တာ အယ်မရယ် 😂ငတုံးမ MTTZ အစကတကယ်နားမလည်ဘူးရယ် 😣" ဆိုပြီး သူမကို ပါတီတက်ပြီး၊ အရက်အတူတူသောက်ပေးရုံနဲ့ သိန်းရာချီပြီး ပေးမယ်လို့ အထင်သေးစွာ ကမ်းလှမ်းခံခဲ့ရတဲ့အကြောင်း စိတ်မကောင်းစွာ တင်ထားတာပါ။မင်းသမီးချောလေး မြတ်သူသူဇင်ကတော့ သူမကို အရမ်းချစ်တဲ့ ချစ်သူနဲ့အတူ သာယာတဲ့ အချစ်ရေးတစ်ခုကို ပိုင်ဆိုင်ထားတာဖြစ်ပြီး၊ သူမချစ်ရတဲ့ အနုပညာအလုပ်တွေလည်း လုပ်ကိုင်ရင်း ဘဝကို ရှေ့ဆက်နေတာပါ။


မင်းသမီးချောလေးမြတ်သူသူဇင်ကတော့ "ဝိညာဉ်ရှိုက်သံ"၊ "ရနံ့ပြယ်နှင်းဆီ"၊ "ဝင်္ကပါစံအိမ်"နဲ့ "ရတနာထဲက ရတနာ" ဇာတ်လမ်းတွေနဲ့ အခြားသောဇာတ်လမ်းကောင်းများစွာမှာလည်း ပါဝင်သရုပ်ဆောင်ထားတဲ့ သရုပ်ဆောင်ကောင်းတစ်ဦးပဲဖြစ်ပါတယ်။ မိုမိုလေးချစ်ပရိသတ်တွေလည်း ကိုယ်တတ်တဲ့ အနုပညာနဲ့ ရိုးသားစွာ အလုပ်လုပ်နေတဲ့ အနုပညာရှင်တစ်ဦးပေမယ့် အခုလို အထင်သေးစွာ အပြောခံလိုက်ရတာကြောင့် စိတ်မကောင်းဖြစ်နေတဲ့ မြတ်သူသူဇင်ကို အားပေးစကားလေး ပြောသွားကြဖို့ မမေ့ပါနဲ့နော်။

Myint Myat
Source;Myat Thu Thu Zin's Facebook

POPULAR POSTS

ads