Breaking

Friday, October 18, 2019

ဖေ့ဘုတ်ပေါ်မှာ အားပေးဝန်းရံသူတွေ အရမ်းကိုများနေတဲ့ ကြက်သားသည်မလေး

 မကြာခင်ကပဲ လူမှုကွန်ယက်မှာ ပုရိသ ပရိသတ်တွေကြား ကြက်သားသည် မလေးရဲ့ ဓာတ်ပုံလေးတွေ ရေပန်း စားလို့ နေပါတယ်။ သူမရဲ့နာမည်ကတော့ ထွေးမွန် လို့ သိရပီး Photo မော်ဒယ်တစ်ယောက်လည်း ဖြစ်ပါတယ်။



 ဝန်းရံမှုများပြားနေတဲ့ ကြက်သားသည်မလေး ထွေးမွန် ကတော့ “ကိုယ်ဝါသနာပါတဲ့အလုပ်လေးနားချိန် တစ်ဖက်တစ်လမ်းကစီးပွားရှာ ကျွန်မကိုချစ်တဲ့သဲလေးတွေကို official ပြန်ချစ်သည်။ လမ်းကြုံရင် အားပေးကြပါနော်”
ဆိုပြီး သူမရဲ့ ဖေ့စ်ဘွတ်လူမှုကွန်ယက်မှာ ရေးသားထားတာပါ။ သူမတင်ပြီး သိပ်မကြာခင်မှာ Share လုပ်သူတွေ အများအပြားရှိခဲ့ပါတယ်။ သူမရဲ့ fans တွေကတော့ “ဓားကိုင်ပုံက ယုံဘူး” ရုပ်နဲ့ မလိုက်” အနော့်နှလုံးသားလေး


 တောက်တောက်စဉ်းပေးပါလားဟင်” လှလိုက်တာကွာ လူလေးနဲ့အလုပ်နဲ့ မလိုက်ဖူး” ဘယ်မှာ ရောင်းတာလဲဟ ကြက်သားတော့ ဝယ်မနေတော့ဘူး လူပဲဝယ်တော့မယ်” ဆိုပြီး ဝန်းရံသူတွေ အရမ်းကိုများပြားလို့ နေပါတယ်။





POPULAR POSTS

ads