စစ်ကိုင်းတိုင်း အောင်မြေဦးဘုန်းတော်ကြီးသင် ပညာရေးကျောင်းကနေ စတင်ခဲ့တဲ့ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့နယ် ပန်နင်ရွာက မိုင်းဌေးအောင်ရဲ့ ပညာရေး ခြေလှမ်းဟာ အခုတော့ အစ္စရေးကို ၃ နှစ်ကြာ ပညာတော်သင်ဆုရပြီး သွားရောက်ခွင့်ရခဲ့ပါပြီ။ပညာတော်သင်ဆုရဖို့ သူဘယ်လိုကြိုးစားခဲ့ရလဲ၊ ဘာတွေလုပ်ဆောင်ခဲ့ရလဲဆိုတာကို ရွှေဖီမြေက ဆက်သွယ်မေးမြန်းထားတာကို ဖော်ပြပေးလိုက်ပါတယ်။
မိုင်းရူကော။ ။ အစ္စရေးပညာတော်သင်ဆုကို ဘယ်လိုကနေ ရရှိခဲ့လဲဆိုတာကို ပြောပြပေးပါအုံး။မိုင်းဌေးအောင်။ ။ ကျွန်တော်က စစ်ကိုင်းမိဘမဲ့ကျောင်းမှာ ငါးတန်းကတည်းကနေစပြီးတော့ ပညာသင်ခဲ့တယ်။ အဲတုန်းက အင်္ဂလိပ်စကားပြော (English Speaking)တက်ချင်ဇောနဲ့ နေ့တိုင်းပြောတော့ Speaking ပိုရလာတယ်။နောက်တော့ ဂျာမနီကနေ ထောက်ပံ့ကြေးရလိုက်တယ်။ ၁ နှစ်ကို ယူရို ၄၀၀ (မြန်မာကျပ်ငွေ၇ သိန်းဝန်းကျင်)ထောက်ပံ့ကြေးရတယ်။ English Speaking နဲ့ Copmputer သင်တန်း ၂ နှစ် တက်ခွင့်ရခဲ့တယ်။ နောက်တတိယနှစ်ကျတော့ ယူရို ၅၀၀ ရလာတယ်။ ရန်ကုန်မှာ ဂျာမန်စကားပြောသင်တန်း ဆက်တက်တယ်။ တက်ပြီးတဲ့နောက် စစ်ကိုင်းက အောင်မြေဦးကျောင်းကို ပြန်သွားတယ်။
ကျောင်းကို ပြန်ရောက်တော့ အစ္စရေးက စေတနာ့ဝန်ထမ်းတွေနဲ့တွေ့တာပေါ့။ သူတို့က စာလာသင်ပေးတယ် အဲဒီအချိန်မှာ ကျွန်တော်က သူတို့ကို ဧည့်ခံရတော့ အခွင့်အရေးတွေ အများကြီး ရှိလာတယ်။ Speaking ပြောနိုင်တယ် Computer လည်း တတ်ထားတော့ အခွင့်အရေးတွေရလာတယ်။ နိုင်ငံခြားသားတွေနဲ့ ပိုပြီးတော့ ဆက်ဆံရတယ် သူတို့နိုင်ငံခြားသားတွေနဲ့စကားပြောတော့ သူတို့လဲ ကျွန်တော်ဖြစ်ချင်တာတွေကို မေးတယ်ပေါ့။ကျွန်တော်လည်း သူတို့ကို ပြောပြတယ် ငါးတန်းကတည်းက စပြီးတော့ ပညာတော်သင်ဆု (Scholarship)ဆိုတာ စသိခဲ့တယ်။ ကျွန်တော်စိတ်ဝင်စားတော့ ဖြေချင်တယ်။ အဲဒါနဲ့ မြန်မာနိုင်ငံ ISY မှာ မော်ခိတ ဖောင်ဒေးရှင်းဆိုတာ ရှိတယ်။ မော်ခိတဆိုတာက ဂျာမနီကနေ လုပ်ပေးထားတာ။ ဂျာမန်ဘုန်းကြီးရဲ့ဘွဲ့ပေါ့။
ဖောင်ဒေးရှင်းကနေပြီးတော့ ရန်ကုန် ISY International ကျောင်းကို ချိတ်ဆက်တယ်။ ကျွန်တော့်ကို စကောလားရှစ်ဖြေခိုင်းတော့ အဆင့် ၃ ရတယ်။ အဲဒီအချိန်မှာ သူတို့ကျောင်းကနေ ၂ ယောက်ဘဲ ရွေးတဲ့အထဲမှာ ကျွန်တော်မပါတော့ ဝမ်းနည်းတာပေါ့။ ဒါပေမယ့် ဇွဲမလျှော့ခဲ့ဘူး။အဲဒီအချိန်မှာ အစ္စရေးက စာလာသင်ပေးတဲ့သူတို့ကို ပြောပြတော့ ကျွန်တော့်ကို အဲဆို မင်းပညာတော်သင်ဆု လျှောက်မလား ငါတို့ကူညီပေးမယ်ပြောတော့ ကျွန်တော် ဝမ်းသာသွားတယ်။ ဘန်ကောက်နဲ့အင်္ဂလန် လျှောက်ကြည့်တယ်။
အချက်အလက်တွေ မပြည့်စုံလို့ ကျွန်တော်မရလိုက်ရဘူး။ နောက်တော့ အမေတို့ဆီကို ပြန်သွားတဲ့အချိန်မှာ အစ္စရေးကနေ ဖုန်းဆက်လာတယ်။ စကောလားရှစ်ဖြေချင်သေးလား စိတ်ဝင်စားသေးလားပေါ့။ ကျွန်တော်လဲ စိတ်ဝင်စားတာပေါ့ ဒါကျွန်တော့်ရဲ့ ရည်ရွယ်ချက်ဘဲဆိုပြီး အဲလိုပြောလိုက်တယ်။အဲဒါနဲ့ သူတို့က စကောလားရှစ်ကို ဖြေခိုင်းတယ်။ မိဘတွေကို မေးခွန်းတွေ အများကြီးမေးတယ်။ နောက်ဖောင်ဖြည့်ပြီးတော့ အင်တာဗျူးကို ၅ ကြိမ်လောက် ဖြေလိုက်ရတယ်။ အင်တာဗျူးဖြေပြီးသွားတော့ ကျွန်တော် အင်တာဗျူးအောင်သွားတော့ တော်တော်ပျော်သွားတယ်။ ပျော်လွန်းလို့ အင်းလေးဘက်ကို သွားလည်လိုက်သေးတယ်။
မိုင်းရူကော။ ။ အစ္စရေးကို ပညာတော်သင်သွားပြီးရင် ဘာတွေ ဆက်လုပ်သွားဖို့ ရှိမလဲ။မိုင်းဌေးအောင်။ ။ အစ္စရေးပညာတော်သင် သုံးနှစ်ပြီးသွားရင် ဂျာမနီတက္ကသိုလ်တက်မှာပါ။ ဂျာမနီမဟုတ်ရင် အမေရိကမှာ ဆက်တက်ဖို့ အစီအစဉ်ဆွဲထားတယ်။ အခုဆိုရင် ဂျာမနီကနေလည်း ထောက်ပံ့ကြေးရထားတယ်လေ။ တစ်နှစ်ကို ယူရို ၃,၀၀၀ ရတယ်။ငယ်ငယ်ကတည်းက အမေရိကကို တအားသွားချင်တယ်။ ဘာလို့လဲဆိုတော့ အမေရိကန်ဝါရှင်တန် တက္ကသိုလ်ဆိုတာရှိတယ်။ အဲတက္ကသိုလ်ဆို တအားအရူးအမူးဘဲ။ အခုကျတော့ ဂျာမနီမှာ ထောက်ပံ့ကြေးရတော့ ဒီနှစ်မှ ဂျာမနီကို စိတ်ဝင်စားသွားတာပါ။ ဒါပေမယ့် ငယ်ငယ်ကတည်းက ကိုယ့်ရဲ့ရည်မှန်းချက်က အမေရိကမှာပဲ တက်ချင်တာ။
မိုင်းရူကော။ ။ အခုရထားတဲ့ အစ္စရေးပညာတော်သင်ဆုက အပြည့်(Full Scholarship)ရတာလား။
မိုင်းဌေးအောင်။ ။ သူတို့က ပညာသင်ဆု အပြည့်ပေးတာပါ။ ကျွန်တော်တက်မှာက အထက်တန်းကျောင်းပေါ့။ အဲဒီကျောင်းမှာနေ အဲဒီကျောင်းမှာစားပေါ့။ ဘာမှကုန်စရာမလိုဘူး။ ပြီးတော့ တစ်လကို မုန့်ဖိုး ၅၀၀ ပေးတယ်။မိုင်းရူကော။ ။ တစ်ခြားရော ဘာများ ဖြည့်စွက်ပြောချင်တာ ရှိမလဲ။မိုင်းဌေးအောင်။ ။ ကျွန်တော်တို့ ပလောင်လူငယ်တော်တော်များများပေါ့ ၈၊ ၁ဝ တန်းပြီးရင် ကျောင်းထွက်ပြီး တရုတ်ပြည်တက်မယ် ပြောကြတယ်။ ကျွန်တော် သူတို့ကို ပညာတော်သင်ဆုတွေ လျှောက်ဖို့ တိုက်တွန်းတော့ အချိန်မရှိတော့ဘူးဆိုပြီး ပြောကြတယ်။ ပြီးတော့ မင်းလို English Speaking လည်း မတတ်ဘူး အဲလိုတွေပေါ့။ပညာသင်ဆုတွေ လျှောက်ရင် စိတ်ဓာတ်မကျဖို့ဘဲ လိုတာပါ။ စိတ်ဓာတ်ကြံ့ခိုင်ရမယ်။ ခက်ခဲကြမ်းတမ်းတဲ့ ဒီပညာရေးလမ်းကြောင်းကို ကျော်ဖြတ်စေချင်တာပေါ့။ ဒါပေမယ့် သူတို့ကတော့ နောက်ကျပြီလို့ပဲ ပြောကြတယ်။ ကျွန်တော်လည်း ဒီအခွင့်အရေးရဖို့ ၃၊ ၄ နှစ် ရင်းခဲ့ရတယ်။ ကိုယ့်ဘာသာကိုယ် အလုပ်တအားလုပ်ခဲ့ရတယ်။ တခြား ကိုယ်မသိတဲ့သူတွေနဲ့လည်း အင်္ဂလိပ်စကား ပြောရတယ်။ တချို့ဆို ကိုယ့်ကို အရေးမစိုက်ဘူးဆိုရင် အားမငယ်ဘဲနဲ့ အရေးစိုက်တဲ့သူဆီကို သွားပြောရတယ်။ ကိုယ်လုပ်ချင်တဲ့ဟာကို ကြိုးစားကြည့်စေချင်ပါတယ်။
credit-
Sunday, October 6, 2019
Home
/
News
/
ဘုန်းတော်ကြီးသင် ပညာရေးကျောင်းမှာတက်ခဲ့ပြီး အစ္စရေး ပညာတော်သင်ဆု ရခဲ့တဲ့ တိုင်းရင်းသား လူငယ်လေး
ဘုန်းတော်ကြီးသင် ပညာရေးကျောင်းမှာတက်ခဲ့ပြီး အစ္စရေး ပညာတော်သင်ဆု ရခဲ့တဲ့ တိုင်းရင်းသား လူငယ်လေး
About Admins
Sora Blogging Tips is a blogger resources site is a provider of high quality blogger template with premium looking layout and robust design. The main mission of sora blogging tips is to provide the best quality blogger templates.
News
Tags
News