Breaking

Thursday, October 10, 2019

စိတ်မကောင်းစရာ တိုက်ပြီးမောင်းပြေးတယ် အတိုက်ခံရတဲ့ မိန်းကလေး သေဆုံး

ဒီသတင်းကို အများအကျိုးပြုလုပ်ငန်း နဲ့ ပရဟိတအလုပ်တွေ လုပ်ကိုင်နေတဲ့ Ka Pho Tin အကောင့်ပိုင်ရှင် ကိုတင်ထွန်းဦးရဲ့ ပို့စ်ကနေ တဆင့်တွေ့ရှိခဲ့ရတာဖြစ်ပြီး သူ့ရဲ့ သတင်းမျှဝေမှုကို သက်သေ ဓာတ်ပုံနဲ့တကွ ApannPyay ပရိသတ်ကြီးအတွက် ပြန်လည်တင်ဆက်လိုက်ရခြင်းဖြစ်ကာ သတင်းပေးမျှဝေလိုက်ရခြင်း ဖြစ်ပါတယ်ခင်ဗျာ။
လွန်ခဲ့တဲ့ နာရီပိုင်းလောက်လေးအတွင်းက ကလေးမြို့ရှိ တာဟန်း ဆိုလာ စည်ဘီယာဆိုင်ရှေ့မှာ ကားတစ်စီးက ဆိုင်ကယ်ကို တိုက်ပြီးထွက်ပြေးသွားတဲ့ အခင်းဖြစ်ပွားခဲ့ပါတယ်။
ကားနဲ့ အတိုက်ခံရသူဟာ အင်းကျွန်းအရပ်ကဖြစ်ပြီး စာပေးစာယူအဖြစ် ပညာလာရောက်သင်ကြားနေတဲ့ ကလေးမလေး ဖြစ်တယ်လို့ သတင်းအရ သိရှိခဲ့ရပါတယ်။

ကားက လူကိုရော ဆိုင်ကယ်ကိုပါ တက်ကြိတ်သွားတာမို့ ကျောင်းသူကလေးမလေးဟာ အရေးပေါ်ကားမရောက်ခင်ဘဲ အသက်ဆုံးပါးသွားတယ်လို့ ဝမ်းနည်းဖွယ်ရာ သိရှိခဲ့ရပါတယ်။
လက်ရှိအချိန်မှာတော့ ဆိုင်ကယ်နဲ့လူကို တိုက်​ကြိတ်သွားတဲ့ ကားကိုလည်း ကလေးမြို့ ရဲတပ်ဖွဲ့က ဖမ်းဆီးရမိပြီဖြစ်ကြောင်းသိရပါတယ်။
ဖြစ်စဉ်အသေးစိတ်အရ အဆိုပါကားကို ကုန်စိမ်းပွဲရုံက အမကြီးတ‌ယောက်‌က‌တွေ့လိုက်‌သလို ကားနံပါတ်ကိုလည်း မှတ်မိလိုက်ကြောင်း​ေ၊အဆိုပါကားအမျိုးအစားဟာ နီဆန်‌း အိတ်‌စထာကပ်‌နာဗာတာ အမျိုးအစား ခဲပုတ်‌‌ရောင်‌ကားဖြစ်ကြောင်း၊
ကားသမားဟာ အခင်းဖြစ်ပွားရာ အ‌ခြေအ‌နေကို သိရှိရအောင် အခင်းဖြစ်ပွားရာနေရာကို တစ်ခေါက် ပြန်‌‌မောင်းနှင်လာလို့ ပြန်‌ဖြတ်‌သွားတာကို မှတ်‌မိသူများက ကားသွားရာဖက်‌ကိုလိုက်‌ကြရာမှာ အိမ်တစ်အိမ်ရှေ့နားမှာ ကားကိုရပ်‌ထားပြီး လူက‌တော့ထွက်‌‌ပြေးသွားပါကြောင်း၊
အဆိုပါ ကား‌ပေါ်မှာ လူနှစ်‌‌ယောက်‌ပါဝင်ကြောင်း၊ ကားက မန္တလေး လိုင်‌စင်‌ဖြစ်‌ပြီး ကားအတွင်းကနေ အုံနာစာအုပ် ပိုက်‌ဆံအိိတ်နဲ့အတူ ဖုန်းတစ်လုံးလည်း ကား‌ပေါ်က ရရှိခဲ့ကြောင်း၊ ကားသော့မကျန်ခဲ့လို့ ကားကိုရဲစခန်‌းဆွဲယူသွားရကြောင်း သတင်းအရ သိရှိခဲ့ရပါတယ်။
ဖြစ်‌စဉ်‌ကို မျက်မြင်သက်သေ တွေ့ရှိခဲ့ရသူတွေရဲ့အဆိုအရ ကားသမားကဆွမ်းခံရင်း ငှက်‌သင့် ာလို့‌ပြောရမှာဖြစ်ကြောင်း၊
ဆိုင်‌ကယ်‌နဲ့က‌လေးမလေးဟာ တခြားဆိုင်‌ကယ်‌တစ်စင်း နဲ့ချိတ်‌မိပြီး ယိုင်သွားခဲ့ရာမှ လူက ကား‌ရှေ့‌ရောက်‌သွားပြီးကြိတ်‌မိသွားတာလို့ မြင်‌‌တွေ့လိုက်‌တဲ့သူများက‌ပြောပြခဲ့ကြောင်း၊ ကားက ဆိုင်‌ကယ်‌ကို‌တောင်‌မတိုက်‌မိဘူးလို့‌ပြောကြသူတွေလည်း ရှိကြောင်း၊
ကားသမားကိုဖမ်းဆီးရမိနိုင်‌‌ရေး၊ စစ်ဆေးနိုင်ရေးအတွက် ရဲတပ်‌ဖွဲ့မှ ကြိုးပမ်းနေကြောင်း အဆိုပါသတင်းအရ သိရှိခဲ့ရပါတယ်။
လေးစားစွာြဖင့် credit-EFIL-APANNPYAY

POPULAR POSTS

ads