နှုတ်ခမ်းနီမလေးတွေရဲ့အချစ်တော် တစ်ယောက်ဖြစ်တဲ့ မော်ဒယ်သရုပ်ဆောင်ထူးအောင်ဟာ ပရိသတ်အားပေးမှုတွေ အများကြီးရရှိလာပြီး တဖြည်းဖြည်းနဲ့ အောင်မြင်ကျော်ကြားလာသူတစ်ဦးပါ။ ဒါ့အပြင် အမိုက်စား Body နဲ့ ချောမောလှပတဲ့ ရုပ်ရည်ကိုပိုင်ဆိုင်ထားတဲ့ ထူးအောင်ဟာ သရုပ်ဆောင်အပိုင်းမှာလဲ အကောင်းဆုံးကြိုးစားမှုတွေကြောင့် ပရိသတ်တွေရဲ့ အားပေးမှုများစွာရရှိနေသူတစ်ဦးလည်းဖြစ်ပါတယ်။
ထူးအောင်ဟာ အလုပ်အားတဲ့အချိန်တွေမှာ နာရေးကူညီမှုအသင်းနဲ့ ပရဟိတ အသင်းတွေမှာ ပါဝင်ကူညီလေ့ရှိတတ်ပြီး အခုအခါမှာလည်း ဘုရားဖူးနေတဲ့ သူရဲ့ပုံရိပ်တွေကို 'စစ်မှန်တဲ့ ပျော်ရွှင်ခြင်'းဆိုတဲ့ခေါင်းစဉ်နဲ့မျှဝေခဲ့တာလဲဖြစ်ပါတယ်။
Model လောကမှာထဲက ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုကို ရရှိနေတဲ့ ထူးအောင်ကတော့ ရုပ်ရှင်ဇာတ်လမ်းတွဲတွေအပြင်ရုပ်ရှင်ဇာတ်ကားကြီးတွေပါ တဖြည်းဖြည်းနဲ့ ရိုက်ကူးလာရပြီး အခုအခါ အနုပညာရှင်တစ်ယောက်အနေနဲ့ ရပ်တည်နေတာလည်း တွေ့ရပါတယ်။
ထူးအောင်ကိုယ်တိုင် သရုပ်ဆောင်ထားတဲ့'အကြင်နာမြစ်ဖျား'ရုပ်သံဇာတ်လမ်းတွဲကိုတော့ MRTV-4 မှာထုတ်လွှင့်ပြသခဲ့ပြီး ပရိသတ်အားပေးမှုများစွာလည်း ရရှိခဲ့ပါတယ်။ ဒီဇာတ်လမ်းတွဲတွေအပြင် ထူးအောင် ပါဝင်ထားတဲ့ ရုပ်ရှင်ဇာတ်ကားတစ်ချို့လဲ ရုံတင်လျှက်ရှိပါတယ်။
မိုမိုလေး ပရိသတ်တို့ရော အမိုက်စား
ဘော်ဒီနဲ့ ထူးအောင်ကိုကြွေကြလားဗျ။
အဆုံးထိဖတ်ရှုပေးတဲ့ အတွက် မိုမိုလေးမှ
ကျေးဇူးတင်ရှိပါတယ်။
Ref:Htoo Aung
LeoThT
Sunday, October 27, 2019
Home
/
Celebrity
/
'ပျော်ရွှင်ခြင်းအစစ်အမှန်'ဆိုတဲ့ စာသားနဲ့အတူဘုရားသွားတဲ့ ပုံရိပ်တွေကိုမျှဝေခဲ့တဲ့ ထူးအောင်
'ပျော်ရွှင်ခြင်းအစစ်အမှန်'ဆိုတဲ့ စာသားနဲ့အတူဘုရားသွားတဲ့ ပုံရိပ်တွေကိုမျှဝေခဲ့တဲ့ ထူးအောင်
Tags
# Celebrity
About Admins
Sora Blogging Tips is a blogger resources site is a provider of high quality blogger template with premium looking layout and robust design. The main mission of sora blogging tips is to provide the best quality blogger templates.
Celebrity
Tags
Celebrity