သဲလို့အများသိကြတဲ့ သဇင်ထူးမြင့်ဟာဆိုရင် ဖခင်ဖြစ်သူ ခင်လှိုင်ရဲ့အနုပညာသွေးပါလာသူတစ်ယောက်လို့ဆိုရမှာပါ။ ယခင်နှစ်က အကယ်ဒမီရွှေကြိုအဖြစ် ရွေးချယ်ခံရပြီးနောက်မှာတော့ ပရိသတ်တွေရဲ့ပါးစပ်ဖျားမှာ ရေပန်းစားလာတာဖြစ်ပြီး လက်ရှိမှာ ပရိသတ်ရဲ့အားပေးမှုတစ်နေရာရရှိလာတဲ့ အနုပညာရှင်တစ်ယောက်လည်းဖြစ်ပါတယ်။
ဖခင်ဖြစ်သူ ဦးခင်လှိုင်ကိုယ်တိုင်ဒါရိုက်တာအဖြစ်ရိုက်ကူးထားပြီး ပထမဆုံးပွဲဦးထွက်ဇာတ်ကားဖြစ်တဲ့ “ချိုးရုပ်”ဇာတ်ကားဟာဆိုရင် အခုလတ်တလောမှာရုံတင်ပြသနေလျက်ရှိပြီး ပရိသတ်တွေသာမက ရုပ်ရှင်သရုပ်ဆောင်တွေရဲ့ဝန်းရံမှုကိုရရှိနေတာလည်းဖြစ်ပါတယ်။ ဒီဇာတ်ကားဟာဆိုရင် ပရိသတ်ကိုရယ်မောပျော်ရွှင်စေရုံသာမက ညီအစ်ကိုနှစ်ယောက်ရဲ့ချစ်ခြင်းမေတ္တာဘွဲ့ကိုဖော်ကျူးထားနိုင်တာကြောင့် ပရိသတ်စိတ်ကျေနပ်မှုရရှိထားတဲ့ ဇာတ်ကားကောင်းတစ်ကောင်းဆိုလည်း မမှားပါဘူး။
သဲကိုယ်တိုင်ကလည်း “ချိုးရုပ်” ဇာတ်ကားကြီးထွက်ရှိလာပြီးတဲ့နောက်မှာ ဖခင်ဖြစ်သူကို သရုပ်ဆောင်ကောင်း၊ လူရွှင်တော်ကောင်းတစ်ယောက်အနေနဲ့သာမက ဒါရိုက်တာကောင်းတစ်ယောက်အနေနဲ့ပါ ဂုဏ်ယူမိကြောင်း၊ “ချိုးရုပ်”ရဲ့အောင်မြင်မှုအတွက်ရော၊ ဖေဖေအရမ်းပျော်နေတာမြင်ရတဲ့အတွက်ပါ အရမ်းကြည်နူးမိကြောင်းကို သူ့ရဲ့ဖေ့ဘွတ်ခ်စာမျက်နှာမှာ ဝေမျှခဲ့တာဖြစ်ပါတယ်။
Source – Thazin Htoo Myint
Credit Cele Gabar
Monday, October 21, 2019
Home
/
Celebrity
/
“ဖခင်ရဲ့ပွဲဦးထွက်ဇာတ်ကားဖြစ်တဲ့ “ချိုးရုပ်”ရဲ့အောင်မြင်မှုအတွက် ဝမ်းသာဂုဏ်ယူနေတဲ့ သဇင်ထူးမြင့်”
“ဖခင်ရဲ့ပွဲဦးထွက်ဇာတ်ကားဖြစ်တဲ့ “ချိုးရုပ်”ရဲ့အောင်မြင်မှုအတွက် ဝမ်းသာဂုဏ်ယူနေတဲ့ သဇင်ထူးမြင့်”
Tags
# Celebrity
About Admins
Sora Blogging Tips is a blogger resources site is a provider of high quality blogger template with premium looking layout and robust design. The main mission of sora blogging tips is to provide the best quality blogger templates.
Celebrity
Tags
Celebrity