Breaking

Thursday, October 17, 2019

နေမကောင်းလို့ ဝိတ်တွေကျသွားတယ်လို့ ရင်ဖွင့်လာတဲ့ ဟန်နာယူရီ

 ဟန်နာယူရီကိုပရိသတ်တွေက အရမ်းလှပြီးချစ်ဖို့ကောင်းတဲ့ကောင်မလေးတစ်ယောက်အနေနဲ့ စသိခဲ့ကြပြီး မိတ်ကပ်ပညာမှာလည်းတစ်ဖက်ကမ်းခတ်အောင်တော်သူလေးအဖြစ်အသိအမှတ်ပြုခဲ့ကြရပါတယ်။ အလှအပမိတ်ကပ်ရော Special Effect Makeup ပါ တစ်ဖက်ကမ်းခတ်အောင်တော်သလို ကိုယ်တိုင်လည်း ကိုရီးယားမင်းသမီးလေးလို ပြစ်မျိုးမှဲ့မထင်အောင်လှတဲ့ ဟန်နာယူရီဟာ ဘဝမှာ လဲပြိုစရာကိစ္စရပ်တွေကြုံတွေ့ခဲ့ရပေမယ့်လည်း ကြံ့ကြံ့ခံပြီး အောင်မြင်မှုလမ်းကြောင်းပေါ်မှာဆက်လက်လျှောက်လှမ်းနေသူပါ။



 ဟန်နာယူရီဟာ Special effect makeup နဲ့ မြန်မာရုပ်ရှင်ကားကြီးတွေရဲ့နောက်ကွယ်က ပညာရှင်တစ်ဦးအဖြစ် အလုပ်လုပ်ကိုင်လျက်ရှိနေသလို သူမကိုယ်တိုင်လည်း Model တစ်ဦး Ambassador တစ်ဦးအဖြစ် Product များစွာကိုကိုယ်စားပြုပြီး ရပ်တည်လျက်ရှိပါတယ်။ ဒါ့အပြင် အဆင်ပြေတဲ့အချိန်တွေမှာလည်း သူငယ်ချင်းတွေနဲ့အတူ Self Make Up Class တွေဖွင့်ပါသေးတယ်။ ဟန်နာယူရီကို ကြည့်လိုက်မယ်ဆိုရင် ဘယ်လောက်ပဲအလုပ်တွေပင်ပန်းလည်းအမြဲတမ်းလိုလို ပြုံးပျော်ရွှင်နေပြီး အလုပ်တွေကြိုးစားနေတာကိုမြင်ရမှာပါ။
ဒါပေမယ့် အခုရက်ပိုင်းမှာတော့ ဟန်နာယူရီဟာ အလုပ်တွေပင်ပန်းပြီး ဖျားနေကြောင်းသိရပါတယ်။ ဟန်နာယူရီက သူမအခုရက်ပိုင်းနေမကောင်းလို့ ပုံအသစ်မတင်နိုင်သေးကြောင်းနဲ့ နေမကောင်းလို့ မစားနိုင်မသောက်နိုင်ဖြစ်ပြီးအိပ်ရာထဲဗုန်းဗုန်းလဲပြီး ပိန်သွားတယ်လို့ ပရိသတ်တွေကိုအသိပေးရင်း simple makeup look ဓာတ်ပုံလေးတင်ပေးထားခဲ့ပါတယ်။ ဟန်နာယူရီက သူမရဲ့ လူမှုကွန်ယက်မှာ “ဒီရက်တွေပုံအသစ်မတင်နိုင်ပါဘူးရှင်
ဒီ၃ရက်အရမ်းနေမကောင်းဖြစ်လို့အိပ်ရာထဲဘိုင်းဘိုင်းလဲပါပဲဘာအစားမှမစားနိုင်ဘူးဒီနေ့နည်းနည်းထနိုင်တယ်2kgကျသွားတယ် ဒါကောင်းသောပိန်ခြင်းမဟုတ်ဘူးအားလုံးလည်းကျန်းမာရေးဂရုစိုက်ကြပါရှင် ကျန်းမာမှ ကြိုကိတဲ့ အစားကောင်းတွေအများကြီးစားဖို့ အလုပ်တွေအများကြီးလုပ်နိုင်မှာလာမဲ့၁၈ရက်နေ့Myanmar plazaကIph 11 launching eventကျမှပဲပုံအသစ်တင်ပါ့မယ်ရှင် See you guys on this Friday” လို့ရေးသားထားတာကိုတွေ့ရပါတယ်။
ဟန်နာယူရီက မကြာမီရက်ပိုင်းက သူမရဲ့ လူမှုကွန်ယက်မှာ Makeup Tutorial Video အသစ်လေးတင်ထားပါသေးတယ်။ ပြောချင်လွန်းလို့ပရိသတ်ကြီးလည်း ဟန်နာယူရီလေးကို နေမြန်မြန်ပြန်ကောင်းပါစေလို့ဆုတောင်းပေးလိုက်ကြပါဦးနော်။credit-ygn-news.com

POPULAR POSTS

ads