သင်ဇာက Motiva ရဲ့ sponsored ပေးခံရတာကြောင့်ခန္ဓာကိုယ်ကိုဘယ်နေရာကိုဘယ်လိုပြုပြင်ရင်ကောင်းမလဲလို့စဉ်းစားနေကြောင်း”သင်ဇာက မေးကြည့်မှာပေါ့နော်။သေချာလေးလေ့လာပြီးတော့ဆရာဝန်နဲ့တိုင်ပင်ကြည့်မှာပေါ့။ ဘယ်နေရာကို ဘယ်လိုလေးလုပ်သင့်တယ်ပေါ့။ လိုအပ်မှလည်းလုပ်မှာပါပြောရမယ်ဆိုရင်တော့ မျက်နှာတော့ လုပ်ရမှာနည်းနည်းကြောက်တယ်” လို့ ပြောထားပြီး ခန္ဓာကိုယ်ပြုပြင်ဖို့စဉ်းစားနေတဲ့ပရိသတ်တွေကိုလည်း “လုပ်မယ်ဆိုရင်တော့ကောင်းကောင်းလေးလုပ်စေချင်တယ်ပေါ့နော်။
ဆီလီကွန်ထည့်တယ်ဆိုရင်လည်း အကောင်းတကာ့အကောင်းဆုံးကွာလတီအကောင်းဆုံးဟာကိုရွေးပြီးတော့ လုပ်သင့်တယ်။ ငွေကုန်တယ်ဆိုပေမယ့်လည်း ဒါက တစ်ဘဝလုံးစာလေ။ မကောင်းတာကိုရွေးထည့်လိုက်ရင် Side effects က ပိုပြီးတော့ များမယ်လို့ထင်တယ်”လို့ ပြောပြထားပါတယ်။
အချို့အရာတွေကို အိမ်ကခွင့်မပြုရင်မပြောပဲလုပ်လိုက်တယ်လို့ “တစ်ခါတစ်လေကျရင် အိမ်ကခွင့်မပြုနိုင်မယ့်ဟာဆိုရင် သင်ဇာက မပြောတော့ဘူး။ မပြောပဲ ကိုယ့်ဟာကိုယ်လုပ်လိုက်တယ်။ ပြီးမှပေးသိတယ်ပေါ့နော်။ အဲ့လိုမျိုးပေါ့။ ဒါပေမယ့်လည်း တကယ်တမ်း အရမ်းအရေးကြီးတဲ့အရာဆိုရင်တော့တိုင်ပင်ပါတယ်။တိုင်ပင်ပြီးမှ သေချာလုပ်တယ်”လို့ ပြောပြထားပြီး ရင်သားခွဲစိတ်မှုလုပ်ဖူးတဲ့အကြောင်း “သင်ဇာက Breast Surgery လုပ်ထားဖူးတယ်ပေါ့”လို့ ပြောပြထားပါတယ်။ ဆီလီကွန်ထည့်မယ်ဆိုရင် ကောင်းတဲ့နေရာမှာပဲလုပ်စေချင်တဲ့အကြောင်း “သင်ဇာကတော့ ကောင်းတဲ့နေရာမှာပဲရွေးလုပ်စေချင်တယ်။ ဒါကြီးနဲ့တစ်သက်လုံးသွားရမှာဆိုတော့ တစ်ခုခု side effects ဖြစ်သွားရင်သွားပြီလေ။ ဒါကြောင့် သင်ဇာကတော့ ကောင်းတဲ့ Brand ကိုရွေးလုပ်စေချင်တယ်။ တော်တဲ့ဆရာဝန်တွေနဲ့လုပ်စေချင်တယ်ပေါ့နော်”လို့ ပြောထားပါတယ်။တက်တူးအသစ်ထိုးဖြစ်တဲ့အကြောင်း သင်ဇာက “သင်ဇာ့တက်တူးဆရာကလည်း ရောက်နေတော့လေ။ တစ်ကိုယ်လုံးမှာရှိတဲ့တက်တူးကို သူနဲ့ပဲထိုးတာဆိုတော့ ပေါင်မှာရယ် ရင်ဘတ်အောက်နားမှာရယ် ထိုးဖြစ်တယ်။ အဲဒီစာသားအဓိပ္ပါယ်လေးကိုကြိုက်လို့ပါ။ Happy Ending is Mind ဆိုတာ။ အားလုံးလည်းသိကြမှာပါ။ဒီဟာဘာအဓိပ္ပါယ်လဲဆိုတာ။ အဲဒီအဓိပ္ပါယ်လေးကိုကြိုကိလို့ပါ”လို့ပြောထားပြီး တက်တူးထိုးနေရတာကိုက ဝါသနာဖြစ်နေတယ်လို့ “ထိုးတော့ထိုးဖြစ်ဦးမှာပါ။သင်ဇာက သူများတွေလိုပုံစံမိုက်ချင်လို့ထိုးတာမဟုတ်ဘူး။ တက်တူးထိုးရတာကိုက သင်ဇာ့ဝါသနာဆိုတော့ ထိုးဖြစ်ဦးမှာပါ”လို့ ဖြေကြားထားပါတယ်။