Breaking

Sunday, October 13, 2019

စည်ပင် ဝန်ထမ်းများ နံနက် ၃ နာရီ အထိ ရှင်းလို့ မနိုင်တဲ့ ရေကျော်ပွဲစျေးက အမှိုက်များ

 စည်ပင် ဝန်ထမ်းများ နံနက် ၃ နာရီ အထိ ရှင်းလို့ မနိုင်တဲ့ ရေကျော်ပွဲစျေးက အမှိုက်များ
ဒီပုံလေးတွေကတော့ စည်ကားလှပါပီဆိုတဲ့ ရေကျော်ပွဲစျေးရဲ့ မနက် ၃ နာရီပုံလေးပါ။ အရမ်းအံ့ဩသွားကြတယ် ဟုတ်?ကျွန်တော် အာရုံဆွမ်း လောင်းဖို့သွားရင်း ရေကျော်လမ်းထဲက ဖြတ်သွားချိန်မှာ ဒီလိုမြင်ကွင်းမျိုး တွေ့ရတာပါ။ ပွဲစျေးဆိုတာ မျိုးက အမှိုက်ပွမယ်ဆိုတာနားလည်ပါတယ်။


 ဒါပေမယ့် နံနက် ၃ နာရီအထိ တစ်လမ်းလုံးကအမှိုက်ပုံကြီး လုံးလုံး ဖြစ်နေဆဲပါ။ နောက်ထပ်များ တစ်နာရီ ကျော်လောက်နေလျှင် တစ်နေ့တာအတွက် နိုးထပီး လုပ်ငန်းတာဝန်တွေ လုပ်ကြရတော့မယ်။ဒီအချိန်ထိအောင် အမှိုက်တွေ သိမ်းလို့ မကုန်နိုင်သေးတာပါ။ ကျွန်တော်တို့ နောက်နေ့ ညတွေမှာအမှိုက်တွေကို စည်းကမ်းရှိရှိ ပစ်ကြရင်း ပျော်ကြရအောင်နော်။

သီတင်းကျွတ် အချိန်အခါမှာ စည်ပင် ဝန်ထမ်းတွေ အတွက်လည်း (ရေ၊ မုန့်၊ စားစရာ) တွေ သွားရောက် လှူဒါန်းရင်း လုပ်အားပေးနိုင်ပါတယ်ဗျ။Source : Your Truly, Grayson FB Page

POPULAR POSTS

ads