Breaking

Monday, October 21, 2019

ဂျပန်ဧကရာဇ်ထီးနန်းတက်ဂုဏ်ပွဲပြု တက်ရောက်လာတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်နဲ့တွေ့ဆုံခဲ့တဲ့ အောင်လအန်ဆန်

 မြန်မာတွေ အမြဲဂုဏ်ယူနေရတဲ့ မြန်မာနိုင်ငံဖွား ကမ္ဘာ့ချန်ပီယံကြီးတစ်ဦးဖြစ်တဲ့ အောင်လအန်ဆန်ကတော့ မိသားစုနဲ့အတူ နယ်ခြားမြေခြားမှာ နေထိုင်ပေမယ့်လည်း အမိမြေမြန်မာနိုင်ငံကြီးကို မြတ်နိုးတွယ်တာလွန်းသူတစ်ဦးပါ။ အောင်လအန်ဆန်ရဲ့ဇနီးနဲ့ သားလေးကလည်း သာယာလှပတဲ့ မြန်မာပြည်ကြီးကို ချစ်ခင်မြတ်နိုးတာကြောင့် အမြဲလိုလို လာရောက်လည်ပတ်လေ့ရှိကြပါတယ်။ လတ်တလောမှာ အောင်လအန်ဆန်တို့မိသားစုက ဂျပန်နိုင်ငံကို အလည်အပတ်ရောက်ရှိနေတာဖြစ်ပြီး နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်နဲ့တွေ့ဆုံခဲ့တဲ့အကြောင်းကို မိုမိုလေး ပရိသတ်ကြီးအတွက် ဖော်ပြပေးလိုက်ပါတယ်။


 ဂျပန်ဧကရာဇ်ထီးနန်းတက်ဂုဏ်ပွဲပြု အခမ်းအနားကို တက်ရောက်ရန်ဂျပန်နိုင်ငံ၊ တိုကျိုမြို့မှာ
ရောက်ရှိနေ​သော နိုင်င်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည် တည်းခိုတဲ့ Hotel ကို ယ​နေ့ ည​နေ ပိုင်း က အောင်လအန်ဆန် တို့မိသားစုက သွားရောက်တွေ့ဆုံခဲ့တာပါ။
အောင်လအန်ဆန်က " ကျွန်တော်တို့မိသားစုအတွက်အရမ်းနှစ်လိုဖွယ်ကောင်းတဲ့အံအားသင့်ဖွယ်တွေ့ဆုံမှုတခုအဖြစ်..🇲🇲နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်နဲ့တွေ့ဆုံခွင့်ရခဲ့ပါတယ်.ကျွန်တော်တို့စကားလက်ဆုံကျနေရင်းနဲ့ကျွန်တော်တသက်လုံးသိကျွမ်းရင်းနှီးလာတဲ့မိသားစုဝင်တစ်ယောက်နဲ့စကားစမြည်ပြောနေရသလိုခံစားလာရပါတယ်..အန်တီစုကအရမ်းသဘောကောင်းပြီးနှစ်လိုဖွယ်ကောင်းပါတယ်.ကျွန်တော်မိသားစုအန်တီစုကိုလေးစားချစ်ခင်ပြီး.အန်တီစုကလည်းကျွန်တော့်ကိုပိုကောင်းတဲ့လူတစ်ယောက်ဖြစ်အောင်ပိုပြီးစိတ်အားထက်သန်ဖို့အတွက်အားပေးစကားတွေပြောပါတယ်.ဒီတွေ့ဆုံမှုကကျွန်တော်ရဲ့🇯🇵ဂျပန်ခရီးစဉ်အတွက်စိတ်လှုပ်ရှားဖွယ်အမှတ်ရစရာအခိုက်အတန့်ပါပဲ😊.ကျေးဇူးအထူးတင်ပါတယ်..အန်တီစု" ဆိုပြီးပြောထားပါတယ်။

အမေစုနဲ့ စကားပြောရတာ ကိုယ့်မိသားစုနဲ့ စကားပြောရသလို ခံစားရပြီး သူ့ကို ပိုတော်တဲ့ သူဖြစ်ဖို့ အားပေးစကားတွေပြောခဲ့တယ်လို့ ပြောထားတာပါ။ကမ္ဘာ့ချန်ပီယံကြီးတစ်ဦးဖြစ်တဲ့ အောင်လအန်ဆန်ကတော့ မိသားစုနဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်နဲ့တွေ့ဆုံခဲ့တဲ့အကြောင်းကို ပရိသတ်တွေ သိရလောက်ပြီ ထင်ပါတယ်။ ကြည့်ရူပေးကြတဲ့ မိုမိုလေး ပရိသတ်ကြီးကို ကျေးဇူးအထူးတင်ရှိပါတယ်နော်။

Moekalay
Source;Aung La Nsang

POPULAR POSTS

ads