သင့်ဘ၀မှာတွေးဖူးပါလိမ့်မယ်။ ကိုယ်သွားချင်တဲ့နေရာတွေသွား၊ သက်သက်သာသာလေးနေ၊ ပိုက်ဆံတွေရနေရင် ဘယ်လောက်ကောင်းမလဲလို့။ အခုဖတ်ရမယ့်အမျိုးသားတစ်ယောက် အကြောင်းကတော့ သင်စိတ်ကူးယဉ်ထားတဲ့ ပုံစံမျိုးပါပဲ။ သူက သူ့ရဲ့ဘ၀ကို ဟိုတယ်တွေမှာသက်သောင့်သက်သာတည်းရင်း ပိုက်ဆံအများကြီးရလို့နေခဲ့တယ်။
Philippe Kjellgren offers up a supreme bucket list of luxe hotels and resorts, including Singita Pamushana in Zimbabwe -> https://t.co/nR1UGWOngF— Singita (@Singita_) August 12, 2019
အဲဒီအမျိုးသားကတော့ ဖိလစ်ပီ ဂျယ်ဂရန် ဆိုသူပါပဲ။ သူက ကမ္ဘာ့နာမည်အကြီးဆုံး ဇိမ်ခံဟိုတယ်ရီဗျူးရေးသူဖြစ်ပြီး သူ့ရဲ့ထောက်ခံမှုမရတဲ့ ဟိုတယ်ဆိုရင် လုံးဝကို လူမလာတော့တဲ့အထိ ဖြစ်သွားတတ်တာမို့ သူ့ကိုဟိုတယ်တိုင်းက အလေးတယူပြုရသူပါ။ဖိလစ်ပီက ကမ္ဘာပေါ်က နိုင်ငံပေါင်း (၁၀၀)လောက်ကို ရောက်ခဲ့ဖူးပြီး ပြီးခဲ့တဲ့နှစ်ပေါင်း (၂၀)အတွင်းမှာ ဟိုတယ်ပေါင်း (၃၀၀၀)ကျော်ကို တည်းခဲ့ပြီးပါပြီ။ သူက အမေရိကန်နိုင်ငံ၊ ဗန်ကူးဗားမှာနေထိုင်သူဖြစ်ပြီး ဟိုတယ်တွေနဲ့ဆိုင်တဲ့ App တစ်ခုကို တည်ထောင်ခဲ့ပါတယ်။ အဲဒါက သူ့အတွက် အဓိက ၀င်ငွေဖြစ်နေပြီး နှစ်စဉ် ဒေါ်လာ သန်းချီလို့ အဲဒီကနေ ၀င်ငွေရနေသူပါ။
Philippe Kjellgren has embarked on an 800-day trip around the world to personally vet each and every hotel which appears on PK’s List. Yes, 800 days!! Sabi Phagura caught up with the traveller-extraordinaire to discover more. https://t.co/rSO5pNnjui #travelling #exploration pic.twitter.com/yIYM9bRyw1— Luxurious Magazine® (@luxuriousmag) March 29, 2019
Happy to hear we made an impression on Philippe Kjellgren of @TravelBegins40 who traveled around the world and specifically called out his horseback riding experience at Estancia Vik as a hotel that distinguishes itself! #vikvibehttps://t.co/R0rqgwpTzS— Vik Retreats (@VikRetreats) March 18, 2019
သူက ဟိုတယ်တွေကိုရောက်ရင် သူတို့ရဲ့ဝန်ဆောင်မှုတွေ၊ Check In လုပ်ရတာတွေကအစ၊ အစားအသောက်ပိုင်း၊ အပြင်အဆင်ပိုင်း စတာတွေကို သေချာအကဲခတ်ပြီး အမှတ်ပေးလေ့ရှိပါတယ်။ ဟိုတယ်ရဲ့ အစားအသောက်တွေ ညံ့နေရင်ပဲဖြစ်ဖြစ် ၀န်ဆောင်မှုတစ်ခုခု ညံ့တာကိုတွေ့ခဲ့ရင်ပဲဖြစ်ဖြစ် အဲဒီဟိုတယ်နဲ့ပတ်သက်တဲ့ Review မှာ အနီရောင်အလံတစ်ခုကို တွေ့ရမှာဖြစ်ပြီး အဲဒီအလံကိုတွေ့လိုက်ရင် အဲဒီဟိုတယ်က တစ်ခုခုမှာညံ့နေတယ်ဆိုတာ အားလုံးက သိကြရတာပါ။ဒီတော့ ဖိလစ်ပီ ရောက်ခဲ့တဲ့နေရာတွေက ဟိုတယ်တွေဟာ သူတို့ဟိုတယ်အတွက် အနီရောင်အလံရမှာကို စိုးရိမ်ကြတယ်လို့ ဆိုပါတယ်။ ဖိလစ်ပီက သူရောက်ခဲ့တဲ့နေရာတွေအကြောင်းနဲ့ ဟိုတယ်တွေအကြောင်းကိုလည်း စာအုပ်တွေထုတ်လေ့ရှိပြီး (၂၀၁၀)ခုနှစ်အတွင်း ထုတ်ခဲ့တဲ့စာအုပ်(၃)အုပ်က နာမည်အကြီးဆုံးဖြစ်ခဲ့ပါတယ်။မော်လ်ဒိုက်၊ ဒူဘိုင်းတို့လိုနေရာတွေက နာမည်ကြီး ဇိမ်ခံဟိုတယ်တိုင်းမှာ ဖိလစ်ပီရဲ့မှတ်ချက်တွေကိုတွေ့ရမှာဖြစ်ပြီး နာမည်ကြီးတဲ့ဇိမ်ခံဟိုတယ် တော်တော်များများကို ရောက်ခဲ့ပြီးပြီဆိုတာကို သူ့ရဲ့ Review တွေမှာတွေ့ရမှာပါ။သူ့ရဲ့စာအုပ်တွေထဲမှာ ဒီအလုပ်က ထင်သလောက် မသက်သာပါဘူးလို့ ဖိလစ်ပီက ၀န်ခံထားပေမယ့် လူအများစုကတော့ ဟိုတယ်တွေမှာတည်း၊ အကောင်းစားတွေစားပြီး ပိုက်ဆံအများကြီးရနေတဲ့အလုပ်လောက်ကောင်းတာ ဘာရှိဦးမလဲလို့ ပြန်လည်ပြီး မှတ်ချက်တွေ ပေးနေကြပါတယ်။
Linn