Breaking

Monday, October 28, 2019

ပုဂံခေတ် နန်းတွင်းအပြင်အဆင်လေးတွေ နဲ့ ရှင်စောဖြူ ထိပ်ထားလေး အဖြစ် မြင်တွေ့ရမယ့် စိုးပြည့်သဇင်

 စိုးပြည့်လို့ အားလုံးက ချစ်စနိုးခေါ်ကြတဲ့ သရုပ်ဆောင် မင်းသမီးချော စိုးပြည့်သဇင်ကတော့ ရိုးအေးတဲ့ အလှတရားတွေကို ပိုင်ဆိုင်ထားပြီး ပြည်သူ ပရိသတ်တွေရဲ့ အချစ်တွေကို သိမ်းပိုက်ထားသူလေးပဲ ဖြစ်ပါတယ်..။
ရိုးရှင်းအေးချမ်းပြီး ဆွဲဆောင်မှုရှိတဲ့ ပုံရိပ်လေးတွေ နဲ့ ပရိသတ်တွေကို အမြဲအချစ်ပိုစေတဲ့ စိုးပြည့်လေး ကတော့ အနုပညာလောက မှာ အောင်မြင်မှုတွေ အခိုင်အမာရရှိထားသူလေး တစ်ယောက်ပါပဲ..။


 အောင်မြင်ကျော်ကြားတဲ့ ပြည်သူချစ် မင်းသမီးချောလေး စိုးပြည့်သဇင်ကတော့ ဇာတ်ကားတွေ ဆက်တိုက်ရိုက်ကူးနေသလို ပီပြင်တဲ့သူမရဲ့ သရုပ်ဆောင်ပိုင်နိုင်မှုတွေကြောင့်လည်း အကယ်ဒမီထူးချွန်ဆုတွေကို ရရှိထားပြီး ပရိသတ်တွေရင်ထဲနေရာယူထား သူလေးလည်း ဖြစ်ပါတယ်..။
အသည်းကျော်လေး စိုးပြည့်ကတော့ လတ်တလော မှာလည်း “သုံးပန်လှကျိန်စာ”ရုပ်ရှင် ဇာတ်ကားကြီးကို ရိုက်ကူးနေပြီး ပုဂံခေတ်ပုံရိပ်လေးတွေနဲ့ ပရိသတ်တွေကို အချစ်ပိုစေပြန်ပါတယ်နော်..။




“ရှင်စောဖြူထိပ်ထား”လေးအဖြစ် မြင်တွေ့ရမယ့် စိုးပြည့်လေးဟာ ပုဂံခေတ် နန်တွင်း အပြင်အဆင်လေးတွေ နဲ့ နန်းဆန်စွာ လိုက်ဖက်ညီ ကျော့ရှင်းစွာလှသွေးကြွယ်လွန်းနေတာမို့ အားလုံးကလည်း သဘောကျနေကြတာပါနော်..။ရိုက်ကွင်းပေါ်က အမှတ်တရပုံရိပ်လေးတွေ ကိုလည်း စိုးပြည့်လေးကရှင်စောဖြူထိပ်ထား
သုံးပန်လှကျိန်စာ..” ဆိုပြီး အမှတ်တရပုံရိပ်လေးတွေကို ပြန်လည်မျှေ ဝဖားတာပဲ ဖြစ်ပါတယ်..။
crd : myanmarload

POPULAR POSTS

ads