သရုပ်ဆောင်တစ်ဦးအနေနဲ့ သဘာဝကျပြီး ပီပြင်လှတဲ့ သရုပ်ဆောင်ချက်တွေကြောင့် ပရိသတ်တွေရဲ့လက်ခံအားပေးမှုကို အပြည့်အဝရရှိထားတဲ့ ကိုပေါက်ကတော့ ဒါရိုက်တာတစ်ဦးအနေနဲ့ပါ ရုပ်ရှင်ဇာတ်ကားတွေကို ဖန်တီးနေသူတစ်ဦးပဲ ဖြစ်ပါတယ်။ အရမ်းကို ကံကောင်းတတ်တဲ့ ဒါရိုက်တာ ကိုပေါက်ကတော့ လတ်တလောမှာလည်း ထီ (၅) သောင်းဆု ကံထူးတာ ၅ကြိမ်တိတိ ရှိပြီဆိုတဲ့အကြောင်း လူမှုကွန်ယက်မှာ ဝေမျှပေးထားတာ တွေ့ရပါတယ်။ ပုံမှန်လူတွေ (၅) သောင်းတောင် ကံထူးဖို့တောင် ခက်ခဲလွန်းပေမယ့် ကိုပေါက်ကတော့ (၅) သောင်းဆု (၅)ခါတိတိ ပေါက်ခဲ့တာမို့ တော်တော်လေး ကံကောင်းသူတစ်ဦးဆိုလည်း မမှားပါဘူး။
ကိုပေါက်ကတော့ "၅၀၀၀၀ ဆု ၅ကြိမ်ပေါက်ဖူးခြင်း။ လူထဲကလူ ရုပ်ရှင်ရိုက်ရင်း ပင်းတယ မှာထိုးခဲ့တဲ့ ထီ ၅၀၀၀၀ ဆုပေါက်လို့တဲ့။ ဒီနေ့မှ ဖုန်းဆက်တယ်။ ထီမတိုက်မိတာ ကိုယ့်အပြစ်ပါ။" ဆိုပြီး ဒီလမှာလည်း ထီ ၅ သောင်းဆုထပ်ပေါက်ခဲ့တဲ့အကြောင်း လူမှုကွန်ယက်မှာ ဝေမျှပေးထာတားပါ။
ဒါရိုက်တာ ကိုပေါက်ကတော့ ဒါရိုက်တာအလုပ်ကို သေသေချာချာလေး လေ့လာသင်ယူနေပြီး၊ ရုပ်ရှင်ဇာတ်ကားကောင်းတွေများစွာကို ဖန်တီးနေတာပဲ ဖြစ်ပါတယ်။ ကိုပေါက်က တလောကလည်း "လူထဲကလူ" ရုပ်ရှင်ဇာတ်ကားကြီးကို ရိုက်ကူးပြီးစီးထားပါသေးတယ်။ မိုမိုလေးချစ်ပရိသတ်တွေလည်း ကံကောင်းလွန်းတဲ့ ဒါရိုက်တာ ကိုပေါက်ကို သဘောကျရင် share သွားကြဖို့ မမေ့ပါနဲ့နော်။
Myint Myat
Source;Aung Min Naing's Facebook
Thursday, October 3, 2019
ထီ (၅) သောင်းဆု ကံထူးတာ (၅) ကြိမ်တိတိ ရှိပြီဆိုတဲ့ ကိုပေါက်
Tags
# Celebrity
About Admins
Sora Blogging Tips is a blogger resources site is a provider of high quality blogger template with premium looking layout and robust design. The main mission of sora blogging tips is to provide the best quality blogger templates.
Celebrity
Tags
Celebrity