အနုပညာလောကမှာ ဆယ်စုနှစ်အကျော်ကြာရပ်တည်လာခဲ့ပြီး ပရိသတ်တွေရဲ့အချစ်တော် မင်းသား လူပျိုကြီးခန့်စည်သူကတော့ တစ်ချိန်တုန်းကငယ်ရွယ်တဲ့ ပုံရိပ်လေးတွေကို အမှတ်တရအဖြစ်နဲ့ ပြန်လည်ဝေမျှလိုက်တာပဲဖြစ်ပါတယ်။ အသက်ဘယ်လောက်ပဲရရ ငယ်ရုပ်မပျောက်ပဲ နုနေချောနေဆဲပါပဲ။ ကျရာဇာတ်ရုပ်တိုင်းကို ပီပြင်ပိုင်နိုင်အောင်သရုပ်ဖော်ခဲ့တဲ့ စွယ်စုံရ မင်းသားတစ်ဦးလည်းဖြစ်ပါတယ်။
လက်ရှိအချိန်ထိအိမ်ထောင်မပြုသေးပဲ တစ်ကိုယ်တည်းလူပျိုကြီးအဖြစ်နဲ့ အနုပညာအလုပ်တွေကို ပျော်ပျော်ကြီးလုပ်ကိုင်နေသူ တစ်ယောက်ပါ။ အလှူအတန်းတွေလည်း မကြာခဏလုပ်တတ်လွန်းတဲ့ လူပျိုကြီးကတော့ အပူအပင်ကင်းတဲ့ဘဝကို ပျော်ပျော်ကြီး ဖြတ်သန်းနေပါတယ်။ လက်ရှိမှာလည်း ကိုခန့်ပါဝင်သရုပ်ဆောင်ထားတဲ့ဇာတ်ကားဟာလည်း ရုံတင်ပြသတော့မှာပဲဖြစ်ပါတယ်။
အကယ်ဒမီဆုကိုပိုင်ပိုင်နိုင်နိုင်ရရှိခဲ့တဲ့ မင်းသားကတော့ ငယ်နုစဉ်ကပုံရိပ်လေးတွေကို ” တစ်ချိန်တုန်းက ” ဆိုပြီး အမှတ်တရ တင်ထားတာပဲဖြစ်ပါတယ်။ ငယ်ငယ်လေးကတည်းက သဘောကျပြီးအားပေးလာရတဲ့မင်းသား အသက်အရွယ်တွေရလာတော့ လည်း ခန့်ပြီးချောနေတုန်းပဲနော်။Photo – Kyaw Soe Win,CRD-CELE GABAR