Breaking

Thursday, October 24, 2019

ကလေးမေမေပေမယ့် ကလေးပိုဆန်နေတဲ့ ချစ်စရာကောင်မလေး မြတ်ရတနာကျော်

 မြတ်ရတနာကျော်လို့ ပြောလိုက်တာနဲ့ အရုပ်မလေးလို ချစ်စရာကောင်းပြီး စကားပြောရင် မပီတပီလေးနဲ့ ချစ်ဖို့ကောင်းတဲ့ ကောင်မလေးလို့ ပြေးမြင်မိကြမှာပါ။ လက်ရှိမှာတော့ သာယာတဲ့ မိသားစုဘဝလေးကို တည်ထောင်ထားတဲ့ မြတ်ရတနာကျော်ကတော့ အရုပ်လေးလို ချစ်စရာကောင်းတဲ့ သမီးလေး စကားလက်ကို ပိုင်ဆိုင်ထားပြီပဲ ဖြစ်ပါတယ်။ ကလေးမေမေပေမယ့် ကလေးပိုဆန်နေတဲ့ ချစ်စရာကောင်မလေး မြတ်ရတနာကျော်ကတော့ သေချာကြည့်လေ လှရက်လွန်းလေဖြစ်တဲ့ နူးညံ့တဲ့ အလှတရားပိုင်ရှင်လေးပါပဲနော်။


 မိုမိုလေးချစ်ပရိသတ်တွေအတွက် ကလေးတစ်ယောက်မေမေပေမယ့် လှရက်လွန်းနေတဲ့ မော်ဒယ်မလေး မြတ်ရတနာကျော်ရဲ့ ပုံရိပ်တွေကတော့ ကလေးတွေကို ပိုင်ဆိုင်ထားတဲ့ မိခင်တွေကိုပါ အားတက်စေခဲ့ပါတယ်နော်။မြတ်ရတနာကျော်ကတော့ "မြတ်ရဲ့ ပုံတွေတော်တော်များများ Scarlett လေးရဲ့ပုံတော်တော်များများကို မြတ်ဖုန်းနဲ့ရိုက်ပေးဖြစ်တယ် ပုံလေးတွေက professional camera နဲ့ရိုက်ထားသလိုထင်ရပေမယ့် တကယ်တမ်းက မြတ် ရဲ့ ဖုန်းနဲ့ပဲရိုက်ထားတာပါအရင်က iPhone Xs နဲ့ ရိုက်တာနဲ့ ခု iPhone 11 ရိုက်တာက အရမ်းတော့ကွာသွားတယ် ရုပ်ထွက်က အရမ်းကြည်လင်ပြတ်သားလာပြီးတော့ ရေလည်း 30m လောက်ထိရေစိမ်ခံတော့ ခုလို Beach မှာ ရေထဲမှာ ပုံတွေလှလှရဖို့ မြတ်အတွက်တော့ အရမ်း အဆင်ပြေပဲ ပြီးတော့ iPhone 11နဲ့ 11 pro series ကို အပြင်မှာဝယ်တာထက် mDriveနဲ့ Wai Yan Electronic မှာဝယ်မယ်ဆိုရင် ၁သိန်းပိုသက်သာ ပါတယ်လို့ သတင်းကောင်းပါးလိုက်ပါတယ်နော် " ဆိုပြီး သူမရဲ့အလှပုံရိပ်လေးတွေနဲ့အတူ လူမှုကွန်ယက်မှာ ဝေမျှပေးထားခဲ့တာပါ။လှရက်လိုက်တာ စကားလက်လေး မေမေရယ်...။

မြတ်ရတနာကျော်ကတော့ ချစ်ရတဲ့ ချစ်သူနဲ့ သာယာတဲ့ အိမ်ထောင်ရေးကို ပုံဖော်ခဲ့တာ အခုဆိုရင် အိမ်ထောင်သက်တမ်း ၃ နှစ်နီးပါး ရှိနေပြီပဲ ဖြစ်ပါတယ်။ မြတ်ရတနာကျော်ရဲ့သမီးလေး စကားလက်ဖြိုးထွန်းကိုတော့ ပြီးခဲ့တဲ့ ၂၀၁၈ စက်​တင်​ဘာလ ၁၃ရက်​နေ့မှာ​မွေးဖွားခဲ့တာပါ။ မိုမိုလေးချစ်ပရိသတ်တွေလည်း ချစ်​စရာ​ကောင်းတဲ့ သမီး​လေးရယ် ခင်ပွန်းရယ်နဲ့အတူ သာယာတဲ့ဘဝကို ပိုင်ဆိုင်ထားတဲ့ မြတ်ရတနာကျော်ကိုချစ်ရင် Share သွားကြဖို့ မမေ့ပါနဲ့နော်။

Myint Myat
Source;Myat Yadanar Kyaw's Facebook
credit-momolay.com

POPULAR POSTS

ads