Melody World ပြိုင်ပွဲမှတစ်ဆင့် ပရိသတ်တွေရဲ့ချစ်ခင်အားပေးမှုကို အပြည့်အဝရရှိထားတဲ့ အဆိုတော် ဖြိုးပြည့်စုံကတော့ သူဝါသနာပါတဲ့ အနုပညာအလုပ်တွေကိုလုပ်ရင်း ဘဝကိုအေးချမ်းစွာ ဖြတ်သန်းနေတာပဲ ဖြစ်ပါတယ်။ လတ်တလောမှာတော့ ဖြိုးပြည့်စုံက ပရိသတ်တွေအားလုံး အရမ်းစိတ်ပူနေကြတဲ့ သူ့ရဲ့ ကျန်းမာရေးအခြေအနေအကြောင်းကို ထုတ်ပြောလာတာ တွေ့ရပါတယ်။ ဖြိုးပြည့်စုံကတော့ တလောကပဲ မူးယစ်ဆေးတွေ့ရှိတယ်ဆိုပြီး၊ မှားယွင်းဖမ်းဆီးခံခဲ့ရသေးတာကြောင့် ပရိသတ်တွေက ပိုလို့ စိတ်ပူနေကြတာပါ။
ဖြိုးပြည့်စုံကတော့ "နှခေါင်း ထိပ်ကပ်နာ (Sinusitis) ကနေ ပြန်ကျတဲ့ post nasal drop အရည် ကြောင့် လေပြွန်ရောင်နေတာပါ တလလောက် ဆေးဖြန်း ၊ ဆေးသောက် နဲ့ ထိန်းကြည့်ရမှာပါ.. အစာအိမ်ကတော့ အခြေအနေ မဆိုးပါဘူး တဲ့ ကြီးကြီးမားမား vocal rest ယူစရာ မလိုဘူးလို့တော့ ပြောပါတယ်... သော်ငြားလည်း ကျနော် နောက်လ နိုဝင်ဘာ တော့ ၁၀ ရက် (ဝဇီပိတ်) တရားစခန်းလေး (အဝေးတစ်နေရာမှာ) ဝင်ပါဦးမယ် ဒီဇင်ဘာလဆန်း လည်း ဦးပဇင်း ဝတ်ဖို့ ရည်ရွယ်ထားမိပါတယ်... နှစ်ဟောင်းကို ကုသိုလ် ရေးနဲ့ နှုတ်ဆက်ပီး နှစ်သစ်ကို ကတုံးလေးနဲ့ ကြိုမယ်ပေါ့ ၂၀၂၀ မှာ တေးAlbum သစ်လေးထွက်ဖို့ ကြိုးစားမှာပါ... ဝိုင်ဝန်းစိတ်ပူ ဆုတောင်း ကူကြတဲ့ ဘော်ဒါများ ကိုအကျိုးအကြောင်းလေးပြောရင်းကိုယ်လည်း ကျန်းမာ စိတ်ချမ်းသာကြပါစေ ဗျာ" ဆိုပြီး သူ့ရဲ့ကျန်းမာရေးအခြေအနေအကြောင်းရယ်၊ တရားစခန်းလေးလည်း ဝင်သွားမယ်ဆိုတဲ့အကြောင်းရယ်ကို ပရိသတ်တွေအတွက် ဝေမျှပေးထားတာပါ။
အဆိုတော် ဖြိုးပြည့်စုံကတော့ ကျန်းမာရေးအခြေအနေ သိပ်မကောင်းပေမယ့်လည်း ပရိသတ်တွေအတွက် သီချင်းအသစ်တွေတော့ ဖန်တီးဖြစ်နေတယ်လို့ သိရပါတယ်။ စိတ်ထားကောင်းလွန်းတဲ့ ဖြိုးပြည့်စုံကိုတော့ ပရိသတ်တွေသာမက အနုပညာရှင်တွေကလည်း အရမ်းကိုချစ်ကြတာ တွေ့ရပါတယ်။ မိုမိုလေးချစ်ပရိသတ်တွေလည်း ဖြိုးပြည့်စုံတစ်ယောက် အမြန်ဆုံး ကျန်းမာရေးကောင်းလာပါစေလို့ ဆုတောင်းပေးလိုက်ကြပါဦးနော်။
Myint Myat
Source;Phyo Pyae Sone's Facebook
Monday, October 21, 2019
ပရိသတ်တွေ စိတ်ပူနေကြတဲ့ ကျန်းမာရေးအခြေအနေကို ထုတ်ပြောလာတဲ့ ဖြိုးပြည့်စုံ
Tags
# Celebrity
About Admins
Sora Blogging Tips is a blogger resources site is a provider of high quality blogger template with premium looking layout and robust design. The main mission of sora blogging tips is to provide the best quality blogger templates.
Celebrity
Tags
Celebrity