မြန်မာ့ဂုဏ်ဆောင် ကမ္ဘာ့လက်ဝှေ့ အကျော်အမော်တစ်ဦးဖြစ်တဲ့ ချင်းအမျိုးသား အောင်လအန်ဆန်ဟာ သူ့ရဲ့ လိုက်ဟဲဗီး ဝိတ်တန်း ကမ္ဘာ့ချန်ပီယံ အဖြစ်ကို ကာကွယ်ဖို့ အတွက် ဂျပန်နိုင်ငံကို စတင် ထွက်ခွါသွားပြီဖြစ်တယ်လို့ သိရပါတယ်။ ဒီပွဲကိုတော့ အောက်တိုဘာ ၁၃ ရက်နေ့မှာ ဂျပန်နိုင်ငံ မှာ ကျင်းပသွား မှာဖြစ်ပါတယ်။
ပြိုင်ပွဲကတော့ လိုက်ဟဲဗီး ဝိတ်တန်း ကမ္ဘာ့ချန်ပီယံအဖြစ်ကာကွယ်ရမယ့် ပွဲဖြစ်ပြီးတော့ သူ့ရဲ့ပြိုင်ဘက်ကတော့ ဖိလစ်ပိုင်နိုင်ငံသား ဘရန်ဒါဗီရာ ပဲ ဖြစ်ပါတယ်။ ဒီပွဲကိုတော့ ချန်ပီယံဆုရအပြီး နှစ်နှစ်နီးပါားကြာမြင့်ပြီးမှ ပထမဦးဆုံး ကာကွယ်ထိုးသတ် ရမှာလည်းဖြစ်ပါတယ်။
ဒီပွဲစဉ်အတွက် ဝိတ်ဝန်းတူဖို့ အတွက် ဘရန်ဒန်ဗီရာက သူ့ရဲ့ ကိုယ်အလေးချိန်ကို လျော့ချပြီး ပြိုင်ပွဲဝင်လာတာဖြစ်သလို ၊ မြန်မာ့ဂုဏ်ဆောင် အောင်လအန်ဆန် ကလည်း ဒီပွဲအတွက် အလေးချိန်ကို မြင့်ပြီး ပါဝင်ယှဉ်ပြိုင်လာတာဖြစ်ပါတယ်။ ဒါကြောင့် မြန်မာ့ဂုဏ်ဆောင် အောင်လအန်ဆန် ဘယ်လို တိုက်ကွက်တွေ နဲ့ သူ့ရဲ့ချန်ပီယံ အဖြစ်ကို ဆက်လက်ကာကွယ်သွားမလဲဆိုတာ အမြည်းမတောင်းပဲ ကြည့်ကောင်းမယ့် ပွဲမို့ အားလုံး မလွတ်တမ်းကြည့်ဖို့ သတိပေးလိုက်ပါတယ်နော်။crd : burmeseasia
Friday, October 4, 2019
Home
/
Celebrity
/
Sport
/
မြန်မာ့ ဂုဏ်ဆောင် အောင်လအန်ဆန်း ကတော့ ခါးပတ်လုပွဲ အတွက်ဂျပန်ကို စတင် ထွက်ခွာသွားပါပြီ
မြန်မာ့ ဂုဏ်ဆောင် အောင်လအန်ဆန်း ကတော့ ခါးပတ်လုပွဲ အတွက်ဂျပန်ကို စတင် ထွက်ခွာသွားပါပြီ
Tags
# Celebrity
# Sport
About Admins
Sora Blogging Tips is a blogger resources site is a provider of high quality blogger template with premium looking layout and robust design. The main mission of sora blogging tips is to provide the best quality blogger templates.
Sport