နိုင်ငံကျော် မင်းသမီးလေးတစ်လက်ဖြစ်တဲ့ ဝတ်မှုံရွှေရည်က ဖြူဖွေးကြည်လင်တဲ့ အသားအရည်လေးနဲ့ ရှင်းသန့်ချောမောတဲ့ မျက်နှာလေးကြောင့် ယောကျာ်းလေး၊ မိန်းကလေးမရွေး အားပေးကြတာ ဖြစ်ပါတယ်။ ဝတ်မှုံရွှေရည်က လူလေးချောရုံသာမကပဲ သရုပ်ဆောင်လည်း ကောင်းမွန်တာကြောင့် အကယ်ဒမီဆုကြီးနှစ်ဆုအပြင် နိုင်ငံတကာကပေးတဲ့ ထူးချွန်ဆုတွေကိုလည်း ပိုင်ဆိုင်ရရှိထားတာ ဖြစ်ပါတယ်။ ဝတ်မှုံရွှေရည်က လက်ရှိမှာတော့ သူမချစ်တဲ့ အနုပညာလုပ်ငန်းတွေကို ဆက်တိုက်ဆိုသလို လုပ်ကိုင်နေတာကို တွေ့ရပါတယ်။
ဝတ်မှုံရွှေရည်က လက်ရှိမှာ ရုပ်ရှင်ဇာတ်ကားကြီးတွေကို ရိုက်ကူးနေသလို ပွဲအခမ်းအနားတွေကိုလည်း တက်ရောက်ပေးနေလျက်ရှိပါတယ်။ ဝတ်မှုံရွှေရည်က သူမတက်ရောက်တဲ့ ပွဲတိုင်းကို လေးလေးစားစားနဲ့ ပွဲနဲ့လိုက်ဖက်ညီတဲ့ ဖက်ရှင်တွေကို ရွေးချယ်ဝတ်ဆင်တတ်တာကြောင့် ပရိသတ်တွေက သူမရဲ့ ပွဲတက်ဖက်ရှင်တွေကို စိတ်ဝင်တစား စောင့်ကြည့်အားပေးကြတာ ဖြစ်ပါတယ်။ဝတ်မှုံရွှေရည်က မနေ့က အောက်တိုဘာလ (၂၄) ရက်နေ့မှာတော့ မကွေးမြို့မှာ ကျင်းပပြုလုပ်တဲ့ ရွှေနန်းတော် စိန်ရွှေရတနာဆိုင်ရဲ့ ရွှေရောင်လွှမ်းတဲ့ ရွှေပွဲတော်ကြီးကို တက်ရောက်ဂုဏ်ပြုပေးခဲ့တာ ဖြစ်ပါတယ်။ဝတ်မှုံရွှေရည်က ရွှေရောင်လွှမ်းတဲ့ရွှေပွဲတော်ကြီးကို ရွှေရောင်ဝတ်စုံလေးနဲ့ ခမ်းခမ်းနားနား တက်ရောက်ခဲ့တာပဲ ဖြစ်ပါတယ်။ မိုမိုလေးပရိသတ်တွေအတွက် ဝတ်မှုံရွှေရည်ရဲ့ ပွဲတက်ပုံရိပ်တွေကို မျှဝေပေးလိုက်ပါတယ်နော်။အနီးကပ်ကြည့်တာတောင် အပြစ်ရယ်လို့ ဆိုစရာမရှိအောင် လှနေတာ ကစ်ရယ်ဝတ်မှုံရွှေရည်ကတော့ ရွှေရောင်ဝတ်စုံလေးနဲ့ နတ်သမီးလေး အသက်သွင်းပေးလိုက်တဲ့ ရွှေစင်ရုပ်တုလေးတစ်ရုပ်လို အရမ်းလှနေတာကို တွေ့ရပါတယ်။ဝတ်မှုံရွှေရည်က လက်တလောမှာတော့ အနုပညာလှုပ်ရှားမှုတွေ ဆက်တိုက်လုပ်ကိုင်နေပြီး မကြာခင်မှာတော့ "တစ်ဦးတည်းသောဣတ္ထိယ"၊ "အထက်တန်းစားရေ"၊ "လိပ်ပြာစံအိမ် (၂)"၊ "ဝတ်လဲတော်ရွှေပုဆိုး တန်းထိုးလို့ကြိုမယ်" ရုပ်ရှင်ဇာတ်ကားကြီးတွေကို ဆက်တိုက် ရိုက်ကူးသွားမှာ ဖြစ်ပါတယ်။
ဝတ်မှုံရွှေရည်ကတော့ မကွေးမြို့က ပရိသတ်တွေနဲ့ ပျော်ရွှင်စရာကောင်းတဲ့ အချိန်တွေကို ပိုင်ဆိုင်ခဲ့တာ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း ချစ်စရာကောင်းတဲ့ ရွှေမင်းသမီးလေး ဝတ်မှုံရွှေရည်ရဲ့ ပုံရိပ်တွေကို သဘောကျကြမယ် ထင်ပါတယ်နော်။ အချိန်ပေးပြီး ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးကို မိုမိုလေးမှ ကျေးဇူးအထူးတင်ရှိပါတယ်။
Rowena
Source: Htoo Pyae Sone Linn & Wutt Hmone Shwe Yi's fb
Photo: OMG Photography & Li John Photography
Friday, October 25, 2019
ရွှေအတိပြီးတဲ့ ရွှေစင်ရုပ်တုလေးလို ငေးမောကြည့်နေရအောင် လှပလွန်းတဲ့ ဝတ်မှုံရွှေရည်
Tags
# Celebrity
About Phyo Lay
Sora Blogging Tips is a blogger resources site is a provider of high quality blogger template with premium looking layout and robust design. The main mission of sora blogging tips is to provide the best quality blogger templates.
Celebrity
Tags
Celebrity