Breaking

Sunday, October 20, 2019

ရွှေမှုံရတီနဲ့ ငွေမှုံရတီတို့ ညီအစ်မကို ကလေးတွေမို့ ပျော်အောင်ထားတယ်ဆိုတဲ့ ရွှေထူး

 လူငယ်ကြိုက်တေးသံရှင်တစ်ဦးဖြစ်တဲ့ အဆိုတော် ရွှေထူးက ဒီဘက်ခေတ်ရဲ့ အအောင်မြင်ဆုံး တေးသံရှင်တစ်ယောက်ဆိုလည်း မမှားပါဘူး။ ရွှေထူးက နောက်ပိုင်းမှာတော့ အဆိုတော်အလုပ်အပြင် သရုပ်ဆောင်လုပ်ငန်းတွေကိုပါ တွဲဖက်လုပ်ကိုင်နေလျက်ရှိပါတယ်။ ပရိသတ်တွေကလည်း ရွှေထူးရဲ့ အနုပညာလုပ်ရှားမှုတိုင်းကို စိတ်ဝင်တစားစောင့်ကြည့် အားပေးကြပါတယ်။ကလေးတွေဆိုတာ ပျော်အောင်ထားရတယ်ဆိုတဲ့ ရွှေထူး😍


 ရွှေထူးက လက်ရှိမှာတော့ မွန်ပြည်နယ် မုဒုံမြို့မှာ သီချင်းဆိုဖို့ ရောက်ရှိနေတာဖြစ်ပြီး ရွှေမှုံရတီကလည်း ခင်ပွန်းဖြစ်သူနဲ့အတူတူ လိုက်ခဲ့ပြီး ညီမဖြစ်သူ ငွေမှုံရတီလည်း လိုက်လာတာ ဖြစ်ပါတယ်။
ရွှေထူးက သူသီချင်းဆိုတဲ့နေရာထိလိုက်လာတဲ ဇနီးလေးကို စိတ်ချမ်းသာရအောင် အလိုလိုက်နေတာကို တွေ့ရပါတယ်။ ရွှေထူးက တစ်နေကုန် လွတ်လွတ်လပ်လပ် ဆော့ကစားနေတဲ့ ဇနီးလေးကိုကြည့်ပြီး ပီတိဖြစ်နေပုံပါပဲ။


ရွှေထူးကတော့ သူ့ထက် (၆) နှစ်လောက်ငယ်ရွယ်တဲ့ ဇနီးလေးကို ပိုင်ဆိုင်ထားရလို့ အလိုလိုက် ဂရုစိုက်နေရတာ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း ရွှေထူးနဲ့ ရွှေမှုံရတီတို့ ဇနီးမောင်နှံရဲ့ ကြည်နူးစရာ မြင်ကွင်းလေးကိုကြည့်ပြီး သဘောကျနေကြမယ် ထင်ပါတယ်နော်။

Rowena
Source: Shwe Htoo's fb

POPULAR POSTS

ads