Breaking

Sunday, October 6, 2019

ချစ်သူနဲ့ ကမ်းခြေမှာ သာသာယာယာ အနားယူနေတဲ့ ဖြိုးလေး

 မြန်မာဆန်တဲ့ လုံးကြီးပေါက်လှ ခန္ဓာကိုယ်အချိုးအစားကို ပိုင်ဆိုင်ထားတဲ့ အဆိုတော် မင်းသမီးချောလေး ဝါဆိုမိုးဦးကတော့ သူမဝါသနာပါတဲ့ အနုပညာအလုပ်တွေလုပ်ရင်း အေးချမ်းတည်ငြိမ်တဲ့ ဘဝကို ဖန်တီးပုံဖော်ထားတာပါ။ ဝါဆိုကတော့ လတ်တလောမှာ ချစ်သူနဲ့အတူ ကမ်းခြေသို့အလည်အပတ်ရောက်ရှိတာဖြစ်ပြီး သာသာယာယာ အနားယူနေတဲ့ သူတို့ချစ်သူနှစ်ဉီးရဲ့ပုံရိပ်လေးတွေကို လူမှုကွန်ယက်မှာ ဝေမျှပေးထားတာ တွေ့ရပါတယ်။ အရမ်းကို ချစ်ဖို့ကောင်းတဲ့ ဝါဆိုမိုးဉီးနဲ့ ဖြိုးလေးတို့ရဲ့ ပုံရိပ်တွေကတော့ Romantic ဆန်လွန်းလှပါတယ်နော်။


 အဆိုပါပုံရိပ်တွေကိုတော့ ဖြိုးလေးက "လာပါ အချစ်ရယ် အနားယူမယ် ရေကူးမယ် 😬🏖🌊" ဆိုပြီး သူတို့ချစ်သူနှစ်ဉီးရဲ့ ပုံရိပ်တွေကို လူမှုကွန်ယက်မှာ ဝေမျှပေးထားတာပါ။Ro လိုက်တာ ဖြိုးလေးရယ်...

ဝါဆိုကတော့ အဆိုပိုင်း၊ သရုပ်ဆောင်ပိုင်းမှာသာမကပဲ ရုပ်ရှင်ထုတ်လုပ်သူတစ်ဦးအနေနဲ့လည်း ဇာတ်ကားတွေရိုက်ကူးသွားဖို့ ရှိတယ်လို့ သိရပါတယ်။ ဝါဆိုမိုးဦးကတော့ ချစ်သူဖြိုးလေးနဲ့အတူ ရန်ဖြစ်လိုက် ပြန်ချစ်လိုက်နဲ့ ပျော်ရွှင်စရာအချစ်ခရီးလမ်းကို အတူဖြတ်သန်းနေတာပဲ ဖြစ်ပါတယ်။ မိုမိုလေးချစ်ပရိသတ်တွေလည်း အရမ်းကို ကြည်နူးဖို့ကောင်းတဲ့ ဖြိုးလေးနဲ့ ဝါဆိုမိုးဦးတို့ချစ်သူနှစ်ဉီး ကိုသဘောကျရင် Share သွားကြဖို့ မမေ့ပါနဲ့နော်။

Myint Myat
Source;Phyo Lay's Facebook

POPULAR POSTS

ads