ရွှေထူးကတော့ သီချင်းတွေကို ခံစားချက် အပြည့်နဲ့ရေးစပ် သီဆိုလေ့ရှိတဲ့ နိုင်ငံကျော် လူငယ်အဆိုတော်တစ်ယောက်ပဲဖြစ်ပါတယ်။နှုတ်ခမ်းနီမလေးတွေရဲ့ သည်းသည်းလှုပ်အားပေးခြင်းကို သာမက ယောက်ျားလေး ပရိသတ်တွေရဲ့ အပြည့် အဝ အားပေးဝန်းရံမှုကို ရရှိထားတဲ့ အဆိုတော်တစ်ယောက်လည်းဖြစ်ပါတယ်။လက်ရှိမှာဆိုရင်လည်း ရွှေထူးဟာ အဆိုတော်တစ်ယောက်အပြင် သရုပ်ဆောင် တစ်ယောက်အနေနဲ့လည်း ရုပ်ရှင်ဇာတ်ကားကြီးတွေကို ပါဝင်ရိုက်ကူးနေပြီး သူ့ရဲ့ သရုပ်ဆောင်မှုတွေကလည်း ပရိသတ်တွေသဘောကျနှစ်သက်မှုကို ရရှိထားတဲ့ အထိ ကောင်းမွန်ခဲ့တာပဲဖြစ်ပါတယ်။
အဆိုတော်ရွှေထူးဟာ ပြီးခဲ့တဲ့ (၂၀၁၈)ခုနှစ် နိုဝင်ဘာလ (၁၁)ရက်နေ့က သရုပ်ဆောင် မင်းသမီးချောလေး ရွှေမှုံရတီနဲ့ မင်္ဂလာပွဲလေးကို ကျင်းပခဲ့ပါတယ်။ရွှေထူးနဲ့ရွှေမှုံရတီတို့ ဇနီးမောင်နှံဟာ တစ်ဦးကို တစ်ဦး နားလည်မှုအပြည့်အဝနဲ့ သာယာပျော်ရွှင်ဖွယ်ကောင်းတဲ့ အိမ်ထောင်သည်ဘဝလေးကို တည်ဆောက်ထားနိုင်တဲ့ အနုပညာရှင်စုံတွဲတွေထဲမှာ တစ်တွဲအနေနဲ့ အပါအဝင်ပဲဖြစ်ပါတယ်။တစ်ဦးကိုတစ်ဦးမျက်စိအောက်ကအပျောက်မခံနိုင်လောက်အောင် ချစ်ကြတဲ့ သူတို့နှစ်ဦးဟာ လက်ရှိမှာဆိုရင် မင်္ဂလာ သက်တမ်း(၁)နှစ်နီးပါးရှိနေပြီလည်းဖြစ်ပါတယ်။
လတ်တလောမှာတော့ ရွှေထူးဟာ အမြဲတမ်းစိတ်ကောက်တတ်တဲ့ ချစ်ဇနီးလေးရွှေမှုံရတီကို “လေတိုက်တိုင်းစိတ်တွေကောက်တတ်သူ”လို့ အရွှန်းဖောက်ပြီး စနောက်ကာ သူတို့ ဇနီးမောင်နှံနှစ်ယောက်ရဲ့ ကြည်နူးဖွယ်ပုံလေးနဲ့ အတူ သူကရဲ့ လူမှုကွန်ရက်စာမျက်နှာကနေဖော်ပြလာတာပဲဖြစ်ပါတယ်။ရွှေမှုံရတီကတော့ အခုလို ရွှေထူးတစ်ယောက် စနောက်လိုက်တာကို “ပါးနော်”ဆိုပြီး ပြန်လည်တုံပြန်ထားပါသေးတယ်။
Source : Htoo Khant
Chilli – CeleGabar
credit-celegabar.com
Wednesday, October 23, 2019
“အမြဲတမ်းစိတ်ကောက်တတ်တဲ့ ချစ်ဇနီးလေးကို အရွှန်းဖောက် စနောက်လိုက်တဲ့ ရွှေထူး”
Tags
# Celebrity
About Phyo Lay
Sora Blogging Tips is a blogger resources site is a provider of high quality blogger template with premium looking layout and robust design. The main mission of sora blogging tips is to provide the best quality blogger templates.
Celebrity
Tags
Celebrity