ပရိသတ်တွေက ခီမောင်နှံလို့ တင်စားကြတဲ့ မင်းသားချော ဇာဏ်ခီနဲ့ ဒါရိုက်တာ ခရစ်စတီးနားခီတို့ဟာ တူညီတဲ့ အနုပညာလမ်းခရီးကို လျှောက်လှမ်းနေကြတာ ဖြစ်ပါတယ်။ ဇာဏ်ခီနဲ့ ခရစ်စတီးနားခီတို့ဟာ ချစ်စရာကောင်းတဲ့ သားလေးတစ်ယောက်ကို ပိုင်ဆိုင်ထားပြီး ပျော်ရွှင်ဖွယ် မိသားစုလေးကို တည်ဆောက်ထားကြသူများလည်း ဖြစ်ပါတယ်။ ပရိသတ်တွေကလည်း နားလည်မှုအပြည့်နဲ့ ချစ်စရာကောင်းတဲ့ သူတို့မိသားစုလေးကို ချစ်ခင်အားပေးကြတာကို တွေ့ရပါတယ်။ဘယ်လိုတွေတောင် Ro နေကြတာလဲကွယ် 😍
ဇာဏ်ခီနဲ့ ခရစ်စတီးနားခီတို့ရဲ့ အနုပညာတစ်ခုဖြစ်တဲ့ "ထာဂရနှောင်ကြိုး" (Now & Ever) ရုပ်ရှင်ဇာတ်ကားကြီးကို မကြာခင်မှာ ရုံတင်ပြသတော့မှာ ဖြစ်ပါတယ်။ မနေ့က အောက်တိုဘာလ (၂၁) ရက်နေ့မှာတော့ Now & Ever ရုပ်ရှင်ဇာတ်ကားကြီးရဲ့ World Premiere အခမ်းအနားကို သမ္မတရုပ်ရှင်ရုံမှာ ကျင်းပပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။
ထိုပွဲကို Now & Ever ရုပ်ရှင်ဇာတ်ကားကြီးရဲ့ အဓိကသရုပ်ဆောင်များဖြစ်တဲ့ ဇာဏ်ခီ၊ ပိုင်ဖြိုးသုတို့ နဲ့ ဒါရိုက်တာ ခရစ်စတီးနားခီတို့က တက်ရောက်ခဲ့ကြတာ ဖြစ်ပါတယ်။ ပွဲစတိတ်စင်ပေါ်မှာ ဇာဏ်ခီက ချစ်ဇနီးလေး ခရစ်စတီးနားခီကို အနမ်းလေး ပေးခဲ့တာကြောင့် ပရိသတ်တွေက သဘောကျနေရတာ ဖြစ်ပါတယ်။ဇာဏ်ခီနဲ့ ခရစ်စတီးနားခီတို့ကတော့ ပရိသတ်တွေ အားကျရတဲ့ ချစ်စရာစုံတွဲလေးတစ်တွဲပါပဲ။ ပရိသတ်ကြီးလည်း ချစ်စရာကောင်းတဲ့ ခီမောင်နှံလေးကို ချစ်ရင် Like & Share လုပ်ဖို့ မမေ့ပါနဲ့နော်။ အချိန်ပေးပြီး ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးကို မိုမိုလေးမှ ကျေးဇူးအထူးတင်ရှိပါတယ်နော်။
Rowena
Video: Nyein Ko's fb
Monday, October 21, 2019
Home
/
Celebrity
/
စင်ပေါ်မှာ ဇနီးလေးကို အနမ်းလေးပေးခဲ့တာကြောင့် ပရိသတ်တွေသဘောကျခဲ့ရတဲ့ ဇာဏ်ခီရဲ့အပြုအမူ
စင်ပေါ်မှာ ဇနီးလေးကို အနမ်းလေးပေးခဲ့တာကြောင့် ပရိသတ်တွေသဘောကျခဲ့ရတဲ့ ဇာဏ်ခီရဲ့အပြုအမူ
Tags
# Celebrity
About Admins
Sora Blogging Tips is a blogger resources site is a provider of high quality blogger template with premium looking layout and robust design. The main mission of sora blogging tips is to provide the best quality blogger templates.
Celebrity
Tags
Celebrity